[Unicode]

အားလုံးပဲ မင်္ဂလာပါ။ တစ်ခါတစ်လေမှာ အစားအသောက်ရဲ့အရသာက အရေးကြီးပေမယ့် ပြင်ဆင်ပုံကလည်း လှပနေဖို့ အလွန်အရေးကြီးပါတယ်။ လူတစ်ယောက်ဟာ အစားအသောက်ကို မစားသုံးမှီမှာ သူ့ရဲ့အရသာထက် ပြင်ဆင်ပုံကို အရင်မြင်တာကြောင့် ကိုယ့်မှာ အကြံကောင်းလေးတွေရှိနေဖို့ လိုပါတယ်။

ကဲ…ဒီလိုမျိုး အစားအသောက်ချက်တာအပြင် အမျိုးမျိုးဖန်တီးပြင်ဆင်ရတာကို ကြိုက်တယ်ဆိုသူများအတွက် သံပုယိုသီးခွက်လေးတွေရဖို့ ဒီလိုလုပ်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ဓားထက်ထက်တစ်ချောင်း
  • ဓားအသေးတစ်ချောင်း
  • ဇွန်း
  • သံပုယိုသီး (ရေဆေးပြီးသား)

ပြင်ဆင်ပုံအဆင့်ဆင့်

သံပုယိုသီးရဲ့ထိပ်တစ်ခြမ်းကို လှီးလိုက်ပါ။

နောက်ထပ်တစ်ခြမ်းကိုတော့ စောနကထက် အတန်ငယ် ခပ်ကြီးကြီးလေးလှီးလိုက်ပါ။

ဓားအသေးကိုအသုံးပြုပြီး အတွင်းသားတွေကို အခွံနဲ့ကွာသွားအောင် ခွဲထုတ်လိုက်ပါ။ ဟိုးအောက်ခြေထိ မရောက်မိအောင်တော့ သတိထားပါ။

ပြီးရင်တော့ ဇွန်းကိုအသုံးပြုပြီး အတွင်းသားတွေကိုကော်ထုတ်လိုက်ပါ။ အစောနကအတိုင်းပဲ အောက်ခြေကိုတော့ မပေါက်သွားအောင် သတိထားပါ။

ပြီးရင်တော့ ရလာတဲ့အခွံခွက်လေးကို ရေခဲသေတ္တာထဲမှာထည့်ထားပြီး အေးခဲထားလိုက်ပါ။

တောင့်တောင့်တင်းတင်းလေးဖြစ်သွားပြီဆိုရင်တော့ ကိုယ်နှစ်သက်ရာအချိုပွဲလေးတွေထည့်သွင်းပြီး စားသုံးနိုင်ပါပြီ။

Source: shewearsmanyhats.com

[Zawgyi]

အားလံုးပဲ မဂၤလာပါ။ တစ္ခါတစ္ေလမွာ အစားအေသာက္ရဲ႕အရသာက အေရးႀကီးေပမယ့္ ျပင္ဆင္ပံုကလည္း လွပေနဖို႕ အလြန္အေရးႀကီးပါတယ္။ လူတစ္ေယာက္ဟာ အစားအေသာက္ကို မစားသံုးမွီမွာ သူ႕ရဲ႕အရသာထက္ ျပင္ဆင္ပံုကို အရင္ျမင္တာေၾကာင့္ ကိုယ့္မွာ အႀကံေကာင္းေလးေတြရွိေနဖို႕ လိုပါတယ္။

ကဲ…ဒီလိုမ်ိဳး အစားအေသာက္ခ်က္တာအျပင္ အမ်ိဳးမ်ိဳးဖန္တီးျပင္ဆင္ရတာကို ႀကိဳက္တယ္ဆိုသူမ်ားအတြက္ သံပုယိုသီးခြက္ေလးေတြရဖို႕ ဒီလိုလုပ္လိုက္ရေအာင္။

ပါဝင္ပစၥည္းမ်ား

  • ဓားထက္ထက္တစ္ေခ်ာင္း
  • ဓားအေသးတစ္ေခ်ာင္း
  • ဇြန္း
  • သံပုယိုသီး (ေရေဆးၿပီးသား)

ျပင္ဆင္ပံုအဆင့္ဆင့္

သံပုယိုသီးရဲ႕ထိပ္တစ္ျခမ္းကို လွီးလိုက္ပါ။

ေနာက္ထပ္တစ္ျခမ္းကိုေတာ့ ေစာနကထက္ အတန္ငယ္ ခပ္ႀကီးႀကီးေလးလွီးလိုက္ပါ။

ဓားအေသးကိုအသံုးၿပဳၿပီး အတြင္းသားေတြကို အခြံနဲ႕ကြာသြားေအာင္ ခြဲထုတ္လိုက္ပါ။ ဟိုးေအာက္ေျခထိ မေရာက္မိေအာင္ေတာ့ သတိထားပါ။

ၿပီးရင္ေတာ့ ဇြန္းကိုအသံုးျပဳၿပီး အတြင္းသားေတြကိုေကာ္ထုတ္လုိက္ပါ။ အေစာနကအတိုင္းပဲ ေအာက္ေျခကိုေတာ့ မေပါက္သြားေအာင္ သတိထားပါ။

ၿပီးရင္ေတာ့ ရလာတဲ့အခြံခြက္ေလးကို ေရခဲေသတၱာထဲမွာထည့္ထားၿပီး ေအးခဲထားလိုက္ပါ။

ေတာင့္ေတာင့္တင္းတင္းေလးျဖစ္သြားၿပီဆိုရင္ေတာ့ ကိုယ္ႏွစ္သက္ရာအခ်ိဳပြဲေလးေတြထည့္သြင္းၿပီး စားသံုးႏိုင္ပါၿပီ။

Source: shewearsmanyhats.com