ရွှေဖရုံသီးဟာ အသားအရေအတွက်အထူးကောင်းမွန်ရုံသာမကဘဲ ဟင်းအမယ်အမျိုးအစား အစုံအလင်ကိုလည်း အရသာရှိရှိလုပ်စားနိုင်ပါတယ်။ ဒါကြောင့်ဒီတစ်ခါမှာလည်း အချိုအငန်ကွက်တိကျလှပြီး အင်မတန်အရသာရှိလွန်းတဲ့ ရွှေဖရုံသီးအချောင်းကြော်လေး ချက်ပုံချက်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

ရွှေဖရုံသီး (အသေး) – ၁ လုံး

ပြောင်းဖူးကစီ – လက်ဖက်ရည်ဇွန်း ၂ ဇွန်း

သံလွင်ဆီ – လက်ဖက်ရည်ဇွန်း ၂ ဇွန်း

Cayenne Pepper အမှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ကြက်သွန်ဖြူအမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ခြစ်ထားသော Parmesan ချိစ် – လက်ဖက်ရည်ဇွန်း ၃ ဇွန်း

ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ရေ

ပြင်ဆင်ပုံအဆင့်ဆင့်

အခွံခွာပြီးသား ရွှေဖရုံသီးကို အလယ်မှခြမ်းပြီး အထဲမှအသားနှင့်အစေ့များကို ကော်ထုတ်ပစ်ပါ။ ပြီးလျှင် အချောင်းလေးတွေလှီးပေးပါ။

ပန်းကန်လုံးကြီးထဲတွင် လှီးပြီးသား ရွှေဖရုံသီးအချောင်းတွေမြှပ်သည်အထိ ရေအေးပေါင်းထည့်ပေးပါ။ မိနစ် ၂၀ မှ ၃၀ အထိ ရေစိမ်ထားပေးပါ။

အချိန်ပြည့်လျှင် ရွှေဖရုံသီးချောင်းများကို ရေစပ်ပြီး စက္ကူအဝတ်ပေါ်တွင်ဖြန့်ကျက်လိုက်ကာ ခြောက်အောင်သုတ်ပေးပါ။

ခြောက်သွားပြီဆိုလျှင် ပန်းကန်ပြားထဲပြောင်းထား၍ ပြောင်းဖူးကစီ၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်၊ Cayenne Pepper အမှုန့်၊ ကြက်သွန်ဖြူအမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစီတို့ကို ဖြူးပေးပြီး သေချာနှံ့အောင်နယ်ပေးပါ။

အလူမီနီယံအရွက်ဖြန့်ထားသည့် မုန့်ဖုတ်ဗန်းအပေါ်သို့ ရွှေဖရုံသီးအချောင်းလေးတွေကို ဖြန့်ကျက်ပေးပါ။ အပူချိန် 350° F (180° C) တွင် ဆယ့်ငါးမိနစ်ကြာဖုတ်ပေးပါ။ နှစ်ဖက်စလုံး ညီညီညာညာကျက်စေရန်အတွက် အချိန်တစ်ဝက်ခန့်ရောက်လျှင် ရွှေဖရုံချောင်းလေးတွေကို ပြောင်းပြန်လှန်ပေးပါ။

မီးဖိုထဲမှထုတ်လိုက်ပြီးသည်နှင့် ခြစ်ထားသော Parmesan ချိစ်များနှင့် ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကိုဖြူးပေးပါ။

ပြီးလျှင်တော့ အရသာရှိပြီး ရွှေရောင်တောက်တောက်နှင့် ဟင်းလျာတစ်ခွက်ရရှိသွားပါပြီ။

Credits: Health and Beauty Archives – Fab How