အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ရွှေဖရုံသီးကို ကြက်ဥနဲ့ ဘယ်လိုရောကြော်နိုင်မလဲဆိုတာကို MyFood Myanmar ရဲ့အိမ်ရှင်မတို့အတွက် ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ရွှေဖရုံသီး ၂၀၀ ဂရမ်
  • ကြက်ဥ ၂ လုံး
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပင်စိမ်းရွက် လက်တစ်ဆုပ်စာခန့်
  • ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

  • ငါးငံပြာရည် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ခရုဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပထမဦးဆုံး ရွှေဖရုံသီးကို ပြုတ်ထားပါ။ ဒါမှမဟုတ် ပေါင်းထားလို့လည်း ရပါတယ်။

၂။ ရရှိလာတဲ့ ရွှေဖရုံသီးပြုတ် (သို့) ရွှေဖရုံသီးပေါင်းကို အခွံခွာပြီး အနေတော်အတုံး တုံးထားပါ။

၃။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး စက္ကန့် ၃၀ ခန့် ဆီသတ်ပါ။

၄။ ထို့နောက် ကြက်ဥ ၂ လုံး ဖောက်ထည့်ကာ မွှေကြော်ပေးလိုက်ပါ။

၅။ ၁ မိနစ်ခန့်ကြာပြီးနောက်မှာတော့ ရွှေဖရုံသီးများထည့်ကာ သမအောင် ထပ်မွှေပါ။

သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပါ။

ခရုဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ငါးငံပြာရည် လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ရေ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ကာ ၁ မိနစ်ခန့် မွှေကြော်ပါ။

၆။ မီးဖိုပေါ်က ချခါနီးကျမှ ပင်စိမ်းရွက် လက်တစ်ဆုပ်စာခန့်ထည့်ကာ မွှေကြော်ပေးလိုက်ပါ။

ဒါဆိုရင်တော့ ပင်စိမ်းရွက်လေး သင်းနေတဲ့ ရွှေဖရုံသီး ကြက်ဥမွှေကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Samanthasmommy.com