[Unicode]

အိမ်တစ်အိမ်မှာ အရေးအကြီးဆုံးလူပုဂ္ဂိုလ်ကတော့ အစားအစာတွေကို ပြင်ဆင်ချက်ပြုတ်ပေးရတဲ့ အိမ်ရှင်မတစ်ယောက်ပဲဖြစ်ပါတယ်။ ဟင်းလျာများကို ချက်ပြုတ်ပြင်ဆင်သူက စိတ်ရှည်လက်ရှည်နဲ့ ချက်ပြုတ်ပြင်ဆင်ပေးဖို့လိုအပ်သလို အာဟာရပြည့်ဝပြီး သန့်ရှင်းသပ်ရပ်မှုကိုလည်း အလေးပေးရမှာပဲဖြစ်ပါတယ်။

ဒီလိုချက်ပြုတ်ပြင်ဆင်မှ မိမိအိမ်သူအိမ်သားတွေရဲ့ ကျန်းမာရေးအတွက် စိတ်ပူစရာမလိုမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဟင်းလျာများ ချက်ပြုတ်ပြင်ဆင်တဲ့အခါ လိုက်နာရမယ့် စည်းမျဉ်းတစ်ချို့ကို ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။

လက်ဆေးပါ

ကျွနု်ပ်တို့ရဲ့ လက်တွေက အရာဝတ္ထုပစ္စည်းအမျိုးမျိုးကို ကိုင်တွယ်နေတာပါ။ ဒါ့ကြောင့် ဘက်တီးရီးယားပိုးမွှားတွေလည်း အလွယ်တကူကပ်ငြိနေတတ်ပါတယ်။ လူကိုအန္တရာယ်ပေးတဲ့ ဘက်တီးရီးယားတွေက သင့်လက်မှတဆင့် အစားအသောက်တွေမှာ ကပ်ငြိသွားနိုင်တာကြောင့် အစားအသောက်တွေ မချက်ပြုတ်ခင်မှာ လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးကြောရပါမယ်။

အထူးသဖြင့် အိမ်မွေးတိရစ္ဆာန်တွေကို ကိုယ်တွယ်ပြီးတဲ့အခါ သန့်စင်ခန်းကို အသုံးပြုပြီးတဲ့အခါ အမှိုက်ပုံးကို ကိုယ်တွယ်ပြီးတဲ့အခါ အသားစိမ်း၊ ငါးစိမ်းတွေ ကိုယ်တွယ်ပြီးတဲ့အခါတိုင်း လက်ဆေးရပါမယ်။

အစားအစာများကို စနစ်တကျသိုလှောင်ပါ

Source: eatright.org

အသားစိမ်း၊ ငါးစိမ်းတွေမှာ ဘက်တီးရီးယားပိုးမွှားလေးတွေ ကပ်ငြိနေပြီး သူတို့နဲ့ထိတွေ့မိတဲ့ နေရာမှန်သမျှကို ပိုးမွှားတွေ ပျံ့နှံ့သွားတတ်ပါတယ်။ ဒါ့ကြောင့် အသားစိမ်း၊ ငါးစိမ်းနဲ့ အသင့်စားသုံးနိုင်တဲ့ ပေါင်မုန့်၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက် စတဲ့ အစားအစာတွေကို သပ်သပ်စီ သိုလှောင်သိမ်းဆည်းထားရပါမယ်။ မိမိအသုံးပြုမယ့် စဉ်းနီတုံးအမျိုးအစားကိုလည်း သပ်သပ်စီခွဲထားပေးလိုက်ပါ။ စဉ်းနီတုံးတစ်ခုတည်းကိုပဲ အသား၊ ငါးလှီးလိုက် ဟင်းသီးဟင်းရွက် ခုတ်ထစ်လိုက်နဲ့ဆို မသင့်တော်ပါဘူး။

ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများကို ဆေးကြောသန့်စင်တဲ့အခါ

ထိုအစားအစာများကို မစားသုံးခင်မှာ ရေနဲ့ သေချာစင်ကြယ်အောင် ဆေးကြောသန့်စင်ပေးသင့်ပါတယ်။ ဒါမှ သူတို့မှာ ကပ်ငြိနေတဲ့ ပိုးမွှားများကို ဖယ်ရှားရာရောက်မှာပါ။ သို့သော် ဆပ်ပြာရည်ဖြင့် ဆေးကြောခြင်းကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ ထိုဆပ်ပြာရည်ထဲတွင် ဓာတုပစ္စည်းများ ပါဝင်နေပြီး ဆပ်ပြာမစင်ဘဲ စားသုံးမိမယ်ဆိုရင် သင့်ရဲ့ အစာအိမ်အတွက် ပြဿနာဖြစ်နိုင်ပါတယ်။

အသားငါးများ ချက်ပြုတ်တဲ့အခါ

ကြက်သား၊ ဝက်သား၊ အမဲသား များ ချက်တဲ့အခါ အရိုးအဆစ်ကြားထဲမှာ သွေးတွေ အကုန်စင်ကြယ်သွားတဲ့အထိ ချက်ပြုတ်သင့်ပါတယ်။ ဒါမှသာ အသားမှာ ကပ်ငြိနေတဲ့ဘက်တီးရီးယားတွေ အကုန်အစင် သေကြကုန်မှာပဲဖြစ်ပါတယ်။ ငါးအသားလွှာများကိုလည်း အစိမ်းစားခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။ နို့မဟုတ်ရင် ငါးအသားလွှာမှာ ကပ်ငြိနေတဲ့ ကပ်ပါးကောင်းတွေက သင့်ကို ကောင်းကောင်းကြီး ဒုက္ခပေးပါလိမ့်မယ်။

Source: Nhs.uk

[Zawgyi]

အိမ္တစ္အိမ္မွာ အေရးအႀကီးဆံုးလူပုဂၢိဳလ္ကေတာ့ အစားအစာေတြကို ျပင္ဆင္ခ်က္ျပဳတ္ေပးရတဲ့ အိမ္႐ွင္မတစ္ေယာက္ပဲျဖစ္ပါတယ္။ ဟင္းလ်ာမ်ားကို ခ်က္ျပဳတ္ျပင္ဆင္သူက စိတ္႐ွည္လက္႐ွည္နဲ႔ ခ်က္ျပဳတ္ျပင္ဆင္ေပးဖို႔လိုအပ္သလို အာဟာရျပည့္ဝၿပီး သန္႔႐ွင္းသပ္ရပ္မႈကိုလည္း အေလးေပးရမွာပဲျဖစ္ပါတယ္။

ဒီလိုခ်က္ျပဳတ္ျပင္ဆင္မွ မိမိအိမ္သူအိမ္သားေတြရဲ႕ က်န္းမာေရးအတြက္ စိတ္ပူစရာမလိုမွာပဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဟင္းလ်ာမ်ား ခ်က္ျပဳတ္ျပင္ဆင္တဲ့အခါ လိုက္နာရမယ့္ စည္းမ်ဥ္းတစ္ခ်ိဳ႕ကို ဗဟုသုတအေနနဲ႔ ေဝမွ်ေပးခ်င္ပါတယ္။

လက္ေဆးပါ

ကြ်ႏု္ပ္တို႔ရဲ႕ လက္ေတြက အရာဝတၳဳပစၥည္းအမ်ိဳးမ်ိဳးကို ကိုင္တြယ္ေနတာပါ။ ဒါ့ေၾကာင့္ ဘက္တီးရီးယားပိုးမႊားေတြလည္း အလြယ္တကူကပ္ၿငိေနတတ္ပါတယ္။ လူကိုအႏၱရာယ္ေပးတဲ့ ဘက္တီးရီးယားေတြက သင့္လက္မွတဆင့္ အစားအေသာက္ေတြမွာ ကပ္ၿငိသြားႏိုင္တာေၾကာင့္ အစားအေသာက္ေတြ မခ်က္ျပဳတ္ခင္မွာ လက္ကို ဆပ္ျပာနဲ႔ စင္ၾကယ္ေအာင္ ေဆးေၾကာရပါမယ္။

အထူးသျဖင့္ အိမ္ေမြးတိရစၦာန္ေတြကို ကိုယ္တြယ္ၿပီးတဲ့အခါ သန္႔စင္ခန္းကို အသံုးျပဳၿပီးတဲ့အခါ အမႈိက္ပံုးကို ကိုယ္တြယ္ၿပီးတဲ့အခါ အသားစိမ္း၊ ငါးစိမ္းေတြ ကိုယ္တြယ္ၿပီးတဲ့အခါတိုင္း လက္ေဆးရပါမယ္။

အစားအစာမ်ားကို စနစ္တက်သိုေလွာင္ပါ

Source: eatright.org

အသားစိမ္း၊ ငါးစိမ္းေတြမွာ ဘက္တီးရီးယားပိုးမႊားေလးေတြ ကပ္ၿငိေနၿပီး သူတို႔နဲ႔ထိေတြ႔မိတဲ့ ေနရာမွန္သမွ်ကို ပိုးမႊားေတြ ပ်ံ႕ႏွံ႔သြားတတ္ပါတယ္။ ဒါ့ေၾကာင့္ အသားစိမ္း၊ ငါးစိမ္းနဲ႔ အသင့္စားသံုးႏိုင္တဲ့ ေပါင္မုန္႔၊ သစ္သီးဝလံ၊ ဟင္းသီးဟင္းရြက္ စတဲ့ အစားအစာေတြကို သပ္သပ္စီ သိုေလွာင္သိမ္းဆည္းထားရပါမယ္။ မိမိအသံုးျပဳမယ့္ စဥ္းနီတံုးအမ်ိဳးအစားကိုလည္း သပ္သပ္စီခြဲထားေပးလိုက္ပါ။ စဥ္းနီတံုးတစ္ခုတည္းကိုပဲ အသား၊ ငါးလွီးလိုက္ ဟင္းသီးဟင္းရြက္ ခုတ္ထစ္လိုက္နဲ႔ဆို မသင့္ေတာ္ပါဘူး။

ဟင္းသီးဟင္းရြက္နဲ႔ သစ္သီးဝလံမ်ားကို ေဆးေၾကာသန္႔စင္တဲ့အခါ

ထိုအစားအစာမ်ားကို မစားသံုးခင္မွာ ေရနဲ႔ ေသခ်ာစင္ၾကယ္ေအာင္ ေဆးေၾကာသန္႔စင္ေပးသင့္ပါတယ္။ ဒါမွ သူတို႔မွာ ကပ္ၿငိေနတဲ့ ပိုးမႊားမ်ားကို ဖယ္႐ွားရာေရာက္မွာပါ။ သို႔ေသာ္ ဆပ္ျပာရည္ျဖင့္ ေဆးေၾကာျခင္းကိုေတာ့ ေ႐ွာင္ၾကဥ္သင့္ပါတယ္။ ထိုဆပ္ျပာရည္ထဲတြင္ ဓာတုပစၥည္းမ်ား ပါဝင္ေနၿပီး ဆပ္ျပာမစင္ဘဲ စားသံုးမိမယ္ဆိုရင္ သင့္ရဲ႕ အစာအိမ္အတြက္ ျပႆနာျဖစ္ႏိုင္ပါတယ္။

အသားငါးမ်ား ခ်က္ျပဳတ္တဲ့အခါ

ၾကက္သား၊ ဝက္သား၊ အမဲသား မ်ား ခ်က္တဲ့အခါ အ႐ိုးအဆစ္ၾကားထဲမွာ ေသြးေတြ အကုန္စင္ၾကယ္သြားတဲ့အထိ ခ်က္ျပဳတ္သင့္ပါတယ္။ ဒါမွသာ အသားမွာ ကပ္ၿငိေနတဲ့ဘက္တီးရီးယားေတြ အကုန္အစင္ ေသၾကကုန္မွာပဲျဖစ္ပါတယ္။ ငါးအသားလႊာမ်ားကိုလည္း အစိမ္းစားျခင္းမွ ေ႐ွာင္ၾကဥ္သင့္ပါတယ္။ ႏို႔မဟုတ္ရင္ ငါးအသားလႊာမွာ ကပ္ၿငိေနတဲ့ ကပ္ပါးေကာင္းေတြက သင့္ကို ေကာင္းေကာင္းႀကီး ဒုကၡေပးပါလိမ့္မယ္။

Source: Nhs.uk