မိမိဝယ်လာတဲ့ ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများနဲ့ သားငါးများကို အချိန်အကြာကြီး အထားခံစေချင်ပြီး လတ်လတ်ဆတ်ဆတ် ဖြစ်စေချင်တာ ကတော့ ဈေးဝယ်သူ အိမ်ရှင်မတိုင်းရဲ့ ဆန္ဒတစ်ခုပါပဲ။ ထိုဆန္ဒကို ပြည့်ဝစေချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကို သိထားဖို့ လိုမယ်နော်။

ငှက်ပျောသီးများ တာရှည်အထားခံချင်တယ်ဆိုရင်

အရင်ဦးဆုံး ပန်းကန်းလုံးတစ်လုံးထဲသို့ ရေထည့်ထားလိုက်ပါ။ ထို့နောက် ငှက်ပျောသီးရဲ့ ရိုးတံကို ထိုရေထဲ စိုက်ထားလိုက်ပါ။ ဒါဆိုရင်တော့ ထိုငှက်ပျောသီးက ရက်သတ္တပတ် (၃) ပတ်ကြာတာတောင်မှ လတ်လတ်ဆတ်ဆတ်ဖြစ်နေမှာပါ။

ခုနလေးကမှ အခွံခွာပြီး လှီးထားတဲ့ အာလူးတွေက ချက်ချင်းဆိုသလို အညိုရောင်ပြောင်းသွားလို့ စိတ်ညစ်နေပါသလား

ဒါဆိုရင်တော့ အာလူး လှီးပြီးပြီးချင်းမှာ ထိုအာလူးများကို ရေထဲစိမ်ထားလိုက်ပါ။ ထို့နောက် ထိုရေထဲသို့ ရှာလကာရည် အနည်းငယ် ထည့်ထားလိုက်ပါ။ ဒါဆိုရင်တော့ အာလူးတွေက မိနစ်အနည်းငယ်ကြာသည်အထိ လတ်လတ်ဆတ်ဆတ်ရှိနေမှာပါ။

ဘီစကတ်တွေ ကွတ်ကီးတွေက ဝါးလို့မရအောင်ကို မာနေပြီလား

ဒါဆိုရင်တော့ ဘီစကတ်တွေ ကွက်ကီးတွေ ထည့်ထားတဲ့ ပုလင်းထဲသို့ ပေါင်မုန့်တစ်ချပ် ထည့်ထားလိုက်ပါ။ ပေါင်မုန့်က ကွက်ကီးတွေ ပျော့အောင် ကူညီပေးပါလိမ့်မယ်။

ထောပတ်သီးတွေ မှိုမတက်အောင် မပုပ်အောင် ဘယ်လိုသိုလှောင်ထားရမလဲ

ထောပတ်သီးများကို စက္ကူအိတ်ထဲ ထည့်သိမ်းထားလိုက်ပါ။ စက္ကူအိတ်က အစိုဓာိတ်ကို ပယ်ဖျယ်ပေးတာကြောင့် မှိုမတက်တော့ဘဲ အကြာကြီး အထားခံပါတယ်။

သံပုယိုသီး (သို့) သံပုရာသီး ဆားရေစိမ်လုပ်စားချင်တာပဲဖြစ်ဖြစ် သံပုရာသီးများကို ကြာရှည် အထားခံချင်ရင်ပဲဖြစ်ဖြစ် အခုဖော်ပြပေးမယ့် နည်းလမ်းကို အသုံးပြုပေးလိုက်ပါ။

အရင်ဦးဆုံး သံပုယိုသီး (သို့) သံပုရာသီးရဲ့ ထိပ်ပိုင်းကို ကြက်ခြေခတ်လေး ခွဲထားလိုက်ပါ။ ထို့နောက် အသီးကို အနည်းငယ် ဟထားလိုက်ပါ။ ထို့နောက် ထိုအသီးထဲသို့ ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း ထည့်လိုက်ပါ။

ဆားသိပ်ထားသော သံပုယိုသီးများကို ဖန်ပုလင်းထဲ ထည့်လိုက်ပါ။ ထို့နောက် ထိုပုလင်းထဲသို့ ဆား ထပ်ထည့်ကာ ရေအပြည့်ထည့်ပါ။ ထို့နောက် ပုလင်းအဖုံးပိတ်ထားပါ။ ဒါဆိုရင်တော့ (၆) လတိတိအထားခံတဲ့ သံပုယိုသီး ဆားရေစိမ်လေး ရရှိသွားပါပြီ။

နွားနို့က အချဉ်မြန်လို့ စိတ်ညစ်နေပြီလား

နွားနို့တွေကို ကြာရှည်အထားခံချင်တယ်ဆိုရင် နွားနို့ပုလင်းထဲသို့ ဆားအနည်းငယ် ထည့်ထားလိုက်ပါ။ ဆားက နွားနို့များ ချဉ်မသွားအောင် ကူညီပေးပါလိမ့်မယ်။