ဆေးဖက်လည်းဝင် စားလို့လည်းကောင်းတဲ့ ပူစီနံပင်ကို စားခါနီးမှ ခူးစားပြီး လတ်လတ်ဆတ်ဆတ် စားချင်ပါသလား။ နေရာသိပ်မယူဘဲ ကိုယ့်အိမ်ထဲမှာပဲ စိုက်လို့ရမယ့် နည်းလမ်းလေးကို မျှဝေချင်ပါတယ်။
ပူစီနံပင်ကို ဈေးက ဝယ်လာပြီး စားတဲ့အခါ နှစ်ပင်လောက်ကို ချန်ထားပါ။
ပြီးရင် ရေအနည်းငယ် ဖြည့်ထားတဲ့ ခွက်ထဲကို စိုက်ထားပါ။
တစ်ပတ်ကြာပြီချိန်မှာ ခွက်ထဲက အပင်လေးရဲ့ ပြောင်းလဲမှုကို လေ့လာပါ။ အမြစ်ပုံစံလေး ထွက်ချင်နေပါပြီ။
နှစ်ပတ်ကြာပြီးချိန်မှာတော့ အမြစ်လေး စထွက်လာပါပြီ။ နှစ်ပင်မှာ တစ်ပင်က အရွက်လေးတွေ ခြောက်သွားခဲ့ရင်တော့ အမြစ်ထွက်လာမှာ မဟုတ်ပါဘူး။
အမြစ်ထွက်လာတဲ့ အပင်ကို ယူပြီး မြေဆွေးထည့်ထားတဲ့ အိုးထဲကို ထည့်ပါ။ အမြစ်ကိုဖုံးအောင် မြေကြီး အုပ်ပေးပြီး ရေအနည်းငယ်လောင်းပါ။
တစ်လလောက်အတွင်း ရေမှန်မှန်လောင်းပေးပြီး နေရောင်နုနု ရှိတဲ့နေရာမှာ ထားပါ။
၆လလောက် ကြာတဲ့အခါ ပူစီနံခင်းကြီး အိမ်မှာ ရောက်နေသလို ဖြစ်လာပါလိမ့်မယ်။