[Unicode]
ကြက်သွန်နီက ဟင်းလျာတိုင်းမှာ အသုံးဝင်ပေမယ့် ခွာတဲ့အချိန်အတိုင်း မျက်ရည်ထွက်လောက်အောင်ပူထူနေတတ်ပါတယ်။
ကြက်သွန်နီကို လှီးတဲ့အချိန် ကြာလေလေ မျက်ရည်ပိုကျလေပါဘဲ။ ဒါ့ကြောင့် ကြက်သွန်နီကို အတုံးလေးတွေ ညီညီညာညာနဲ့ မြန်မြန် လှီးနိုင်တဲ့ နည်းလမ်းလေးတွေ ဝေမျှချင်ပါတယ်။
လိုအပ်တဲ့ပစ္စည်းများ
ဓား၊ ကြက်သွန်နီ နဲ့ စဉ်းနှီတုံး။
အဆင့် ၁
အရင်ဆုံး ကြက်သွန်နီကို ထက်ဝက်ပိုင်းလိုက်ပါ။
အဆင့် ၂
ကြက်သွန်ရဲ့ ထိပ်ပိုင်းကို လှီးလိုက်ပါ။ ပြီးရင် ကြက်သွန်ရဲ့ အခွံကို အလွယ်တကူ ဖယ်လိုက်ပါ။
အဆင့် ၃
ကြက်သွန်နီရဲ့ အပေါ်ယံအလွှာတွေကို ဖယ်လိုက်ပါ။
အဆင့် ၄
ဓားနဲ့ ထောင်လိုက်ကနေ စပြီး လှီးလိုက်ပါ။
အဆင့် ၅
ကြက်သွန်နီကို လှည့်ပြီး ဒေါင်လိုက် ပုံမှာအတိုင်း ထပ်လှီးပါ။
ဒီနည်းနဲ့ဆိုရင် အရွယ်လည်းညီတယ်၊ ကြက်သွန်နီကို မြန်မြန်လည်း လှီးနိုင်ပါလိမ့်မယ်။
Source: FabHow
[Zawgyi]
ၾကက္သြန္နီက ဟင္းလ်ာတိုင္းမွာ အသံုးဝင္ေပမယ့္ ခြာတဲ့အခ်ိန္အတိုင္း မ်က္ရည္ထြက္ေလာက္ေအာင္ပူထူေနတတ္ပါတယ္။
ၾကက္သြန္နီကို လွီးတဲ့အခ်ိန္ ၾကာေလေလ မ်က္ရည္ပိုက်ေလပါဘဲ။ ဒါ့ေၾကာင့္ ၾကက္သြန္နီကို အတံုးေလးေတြ ညီညီညာညာနဲ႔ ျမန္ျမန္ လွီးႏို္င္တဲ့ နည္းလမ္းေလးေတြ ေဝမွ်ခ်င္ပါတယ္။
လိုအပ္တဲ့ပစၥည္းမ်ား
ဓား၊ ၾကက္သြန္နီ နဲ႔ စဥ္းႏွီတံုး။
အဆင့္ ၁
အရင္ဆံုး ၾကက္သြန္နီကို ထက္ဝက္ပိုင္းလိုက္ပါ။
အဆင့္ ၂
ၾကက္သြန္ရဲ႕ ထိပ္ပိုင္းကို လွီးလိုက္ပါ။ ၿပီးရင္ ၾကက္သြန္ရဲ႕ အခြံကို အလြယ္တကူ ဖယ္လိုက္ပါ။
အဆင့္ ၃
ၾကက္သြန္နီရဲ႕ အေပၚယံအလႊာေတြကို ဖယ္လုိက္ပါ။
အဆင့္ ၄
ဓားနဲ႔ ေထာင္လိုက္ကေန စၿပီး လွီးလိုက္ပါ။
အဆင့္ ၅
ၾကက္သြန္နီကို လွည့္ၿပီး ေဒါင္လိုက္ ပံုမွာအတိုင္း ထပ္လွီးပါ။
ဒီနည္းနဲ႔ဆိုရင္ အရြယ္လည္းညီတယ္၊ ၾကက္သြန္နီကို ျမန္ျမန္လည္း လွီးႏုိင္ပါလိမ့္မယ္။
Source: FabHow