ဆံပင်အရှည်မြန်ဖို့ဆိုတာ စိတ်ရှည်ရပါတယ်။ တစ်ခါတလေ အဖျားနှစ်ခွကောက်သွားတာတို့ ဆံပင်က ကြမ်းတမ်းခြောက်သွေ့သွားတာမျိုးဆိုရင် ပြန်လည်နူးညံ့ပျော့ပျောင်းအောင် ဂရုစိုက်ရပါသေးတယ်။

ဒါပေမဲ့ ဆံပင်အရှည်မြန်ဖို့ လှုံ့ဆော်ပေးတဲ့ ကြက်သွန်နီကို အသုံးပြုမယ်ဆိုရင်တော့ ဒီပြဿနာတွေကို စိုးရိမ်နေစရာမလိုတော့ပါဘူး။ ကြက်သွန်နီရည်က သင့်ဦးရေပြားကို လှုံ့ဆော်ပေးပြီး သွေးလှည့်ပတ်မှုကောင်းစေတာကြောင့် ဦးရေပြားအတွက် အာဟာရပြည့်ဝစေပါတယ်။

ဒါဆိုရင် ကြက်သွန်နီကို ဘယ်လိုနည်းလမ်းတွေနဲ့ အသုံးပြုနိုင်သလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်နော်။

ကြက်သွန်နီရည် သီးသန့် အသုံးပြုပါ။

ကြက်သွန်နီရည် စားပွဲတင်ဇွန်း တစ်ဇွန်းနဲ့ ဝါဂွမ်းစတို့ လိုအပ်ပါမယ်။ ဝါဂွမ်းစကို ကြက်သွန်နီရည်ဆွတ်ပေးပြီးနောက် ဦးရေပြားအနှံ့ သုတ်လိမ်းပေးလိုက်ပါ။ သုတ်လိမ်းပြီးပါက ၁၅ မိနစ်ခန့် ထားထားပြီး နှိပ်နယ်ပေးလိုက်ပါ။ အချိန်ပြည့်ပါက မိမိအသုံးပြုနေကျ ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်လိုက်ပါ။ တစ်ရက်ခြားတစ်ခါ မှန်မှန်လုပ်ပေးမယ်ဆိုရင် ဆံပင်အုံထူထဲလာပြီး အရှည်မြန်လာပါလိမ့်မယ်။

ကြက်သွန်နီရည်နဲ့ အုန်းဆီအသုံးပြုလည်း ရပါတယ်။

ကြက်သွန်နီရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ အုန်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်းတို့ကို သမအောင်ရောနှောလိုက်ပါ။ (ဗောက်ရှိတဲ့သူတွေက Tea Tree Oil ၅ စက် ထပ်ထည့်ပေးလိုက်ပါ။) ရရှိလာတဲ့အရောအနှောကို ဦးရေပြာပေါ်မှာ သုတ်လိမ်းပေးပြီး နှစ်မိနစ်ခန့် နှိပ်နယ်ပေးလိုက်ပါ။ ထို့နောက် ၃၀ မိနစ်ကြာမှ မိမိအသုံးပြုနေကျ ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပေးလိုက်ပါ။ တစ်ရက်ခြားတစ်ခါ ပြုလုပ်ပေးနိုင်ပါတယ်။

သံလွင်ဆီနဲ့ ကြက်သွန်နီရည်

ကြက်သွန်နီရည် စားပွဲတင်ဇွန်း ၃ ဇွန်းနဲ့ သံလွင်ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းခွဲတို့ လိုအပ်ပါမယ်။ ထိုပါဝင်ပစ္စည်းနှစ်မျိုးကို သမအောင်ရောမွှေပြီးနောက် ဦးရေပြားပေါ်မှာ သုတ်လိမ်းပေးပြီး နှိပ်နယ်ပေးလိုက်ပါ။ ၂ နာရီကြာမှ ခေါင်းလျှော်ပေးလိုက်ပါ။ သံလွင်ဆီက သင့်ဆံကေသာ ပိုးသားလေးလို နူးညံ့တောက်ပြောင်အောင် ကူညီပေးပြီး ကြက်သွန်နီရည်ကတော့ ဆံပင်အရှည်မြန်စေပါတယ်။ တစ်ရက်ခြားတစ်ခါ ပြုလုပ်ပေးလိုက်ပါ။

ဂျင်းနဲ့ ကြက်သွန်နီရည်

ဂျင်းကို ထောင်းပြီးရရှိလာတဲ့အဖတ်များကို အရည်ရအောင်ညှစ်ပေးလိုက်ပါ။ ဂျင်းအရည် စားပွဲတင်ဇွန်း တစ်ဇွန်းနဲ့ ကြက်သွန်နီရည် စားပွဲတင်ဇွန်း တစ်ဇွန်းတို့ကို ရောနှောပြီးနောက် ဦးရေပြားပေါ်မှာ သုတ်လိမ်းပေးပြီး ဦးရေပြားကို စက်ဝိုင်းပုံသဏ္ဍာန် နှိပ်နယ်ပေးလိုက်ပါ။ တစ်နာရီခန့်ကြာမှ ခေါင်းလျှော်ပေးလိုက်ပါ။

ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ သံလွင်ဆီ

ကြက်သွန်နီရည်၊ ကြက်သွန်ဖြူနဲ့ သံလွင်ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းစီကို သမအောင်ရောနှောလိုက်ပါ။ ထို့နောက် ဦးရေပြားပေါ် သုတ်လိမ်းပြီး စက်ဝိုင်းပုံသဏ္ဍာန် နှိပ်နယ်ပေးလိုက်ပါ။ တစ်နာရီခန့်ကြာမှ ခေါင်းလျှော်ပေးလိုက်ပါ။ တစ်ရက်ခြားတစ်ခါပြုလုပ်သင့်ပါတယ်။

Source: stylecraze.com