အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ မုန်လာဥနီ၊ တရုတ်နံနံ၊ ပန်းဂေါ်ဖီစိမ်း၊ ငရုတ်ပွ စတဲ့ ဟင်းသီးဟင်းရွက်များကို ကြက်သားနဲ့ ရောချက်ထားတဲ့ သီးစုံဟင်းရွက် ကြက်သားရောကြော်ဟင်းလျာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်အုံသား ၁ ပေါင် (အရိုးနှင့် အရေခွံတို့ကို ဖယ်ရှာထားပြီး အနေတော် အတုံး တုံးထားပါ)
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၅ ဇွန်းနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်
  • နှမ်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • မုန်လာဥနီ ၂ လုံး (ပါးပါးလှီးထားပါ)
  • တရုတ်နံနံ တစ်ပင် (လက်မဝက်အရှည် လှီးဖြတ်ထားပါ)

  • ငရုတ်ပွအနီ (ပါးပါးလှီးထားပါ) နှင့် ငရုတ်သီးစိမ်း ၆ တောင့်
  • ကြက်သွန်နီ တစ်ခြမ်း (ပါးပါးလှီးထားပါ)
  • ပန်းဂေါ်ဖီစိမ်း ၁ ပွင့် (အနေတော် အတုံး တုံးထားပါ)
  • ပါးပါးလှီးထားသော ဂျင်းနှင့် ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်းစီ
  • မြေပဲ စားပွဲတင်ဇွန်း ၄ ဇွန်း (ဓားဖြင့် အတုံးသေးသေး တုံးထားပါ)

ဆော့စ် ပြုလုပ်ရန်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများ

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၄ ဇွန်းနှင့် ခရုဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း တစ်ဝက်
  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ဆန်ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးဆော့စ် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားတုံးများကို ပြောင်းမှုန့်၊ ငရုတ်သီးမှုန့်တို့ဖြင့် သမအောင် နယ်ထားပါ။ ဒယ်အိုးကို အပူပေးပြီးနောက် နှမ်းဆီ ထည့်ကာ ဆီပူလာပါက ကြက်သားတုံးများ ထည့်ကြော်လိုက်ပါ။ ကြက်သားတုံးများ အညိုရောင် ပြောင်းသွားပါက ပန်းကန်ထဲသို့ ပြောင်းထည့်ထားပါ။

၂။ နောက်တစ်ဆင့်အနေနဲ့ ဟင်းရွက်များ ကြော်ပါမယ်။ (ဆီလိုအပ်ပါက နှမ်းဆီ အနည်းငယ် ထပ်ထည့်ပါ)

ဒယ်အိုးထဲသို့ မုန်လာဥနီ၊ တရုတ်နံနံ၊ ငရုတ်ပွ၊ ပန်းဂေါ်ဖီစိမ်း၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းတို့ကို သမအောင် ရောမွှေပါ။ ၄ မိနစ်၊ ၅ မိနစ်ခန့် ကြော်ပေးရပါမယ်။

၃။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ဆော့စ်ပြုလုပ်ရန်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများအားလုံးကို သမအောင် ရောမွှေထားပါ။

၄။ ဟင်းရွက်ဒယ်အိုးထဲသို့ ကြက်သွန်ဖြူနှင့် ဂျင်းတို့ထည့်ပြီး စက္ကန့် ၃၀ ခန့် မွှေကြော်လိုက်ပါ။ ထို့နောက် စောစောက စပ်ထားသော ဆော့စ်များကို ဒယ်အိုးထဲသို့ လောင်းထည့်ပြီး ဆော့စ်များ ပျစ်သွားသည်အထိ မွှေကြော်ပေးလိုက်ပါ။

၅။ ထို့နောက် ကြက်သားတုံးများ ဒယ်အိုးထဲ ပြန်ထည့်ကာ ရောကြော်ပါ။ မီးဖိုပေါ်က ချခါနီးမှာတော့ မြေပဲများ ထည့်ကာ မွှေကြော်ပါ။

နောက်ဆုံးမှာတော့ အရသာရှိတဲ့ သီးစုံဟင်းရွက် ကြက်သားကြော်ဟင်းလျာတစ်ခွက် ရရှိသွားပါပြီ။

Source: Jocooks.com