ဗီတာမင်နဲ့ သတ္တုဓာတ်တို့ ကြွယ်ဝစွာပါဝင်တဲ့ ဟင်းသီးဟင်းရွက်များက ရောဂါကာကွယ်ပေးတဲ့ အစွမ်းသတ္တိရှိပြီး ပရိုတင်းဓာတ် ကြွယ်ဝတဲ့ ကြက်သားကတော့ ကြွက်သားများကို အားဖြည့်ပေးပြီး ကျန်းမာစေပါတယ်။ ဒါ့ကြောင့် MyFood Myanmar ရဲ့ အိမ်ရှင်မများအတွက် ဟင်းရွက်စုံ ကြက်သားစွပ်ပြုတ် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • မုန်လာဥနီ ၁ လုံး (လေးထောင့်အတုံးငယ် လှီးဖြတ်ထားပါ)
  • တရုတ်နံနံ ၂ ပင် (လေးထောင့်အတုံးငယ် လှီးဖြတ်ထားပါ)
  • ကြက်သွန်ဖြူ ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)

  • ကြက်ပြုတ်ရည် ၁ လီတာ နှင့် ကြက်ရင်အုံသား ၁ ပေါင်ခွဲ (တစ်လက်မအတုံး လှီးဖြတ်ထားပါ)
  • သခွားသီး ၁ လုံး (လေးထောင့်အတုံးငယ် လှီးဖြတ်ထားပါ)
  • ပန်းဂေါ်ဖီစိမ်း ၁ ပွင့် (အနေတော် လှီးဖြတ်ထားပါ)
  • ပါးပါးလှီးထားသော နံနံပင် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး Instant အိုးကို Saute ဆိုတဲ့ ခလုတ်နှိပ်ထားပါ။ Hot ဆိုတဲ့ မီးအပူပြောင်းသွားသည်အထိ စောင့်ပါ။

၂။ ထို့နောက် သ့လွင်ဆီ ထည့်ပါ။

၃။ ကြက်သွန်နီ၊ မုန်လာဥနီ၊ တရုတ်နံနံတို့ထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့် မွှေပေးလိုက်ပါ။

၄။ ကြက်သွန်ဖြူထည့်ပြီး စက္ကန့် ၃၀ ခန့် မွှေပေးလိုက်ပါ။ ထို့နောက် ကြက်သားထည့်ကာ ကြက်သားများ အသွေးရောင် မရှိတော့သည်အထိ ချက်ပေးလိုက်ပါ။ ပြီးရင်တော့ Cancel ခလုတ်ကို နှပ်ပေးလိုက်ပါ။

၅။ ထို့နောက် ကြက်ပြုတ်ရည်ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။ ပြီးမှ Instant အိုးအဖုံးကို လုံအောင်ပိတ်ပြီးနောက် Pressure Cook ခလုတ်ကို နှိပ်ကာ အပူရှိန်ပြင်းပြင်းဖြင့် ၅ မိနစ်ခန့် အချိန်မှတ်ထားလိုက်ပါ။

၆။ သတ်မှတ်ချိန်ပြည့်သွားပြီဆိုရင်တော့ ၅ မိနစ်ခန့် ထပ်စောင့်လိုက်ပါ။ Saute ခလုတ်ကို နှိပ်ပါ။ ထို့နောက် သခွားသီး၊ ပန်းဂေါ်ဖီစိမ်းတို့ထည့်ကာ ၁ မိနစ်၊ ၂ မိနစ်ခန့် တည်ပါ။

၇။ ထို့နောက် နံနံပင် ထည့်ပါ။ Cancel ခလုတ်နှပ်ပြီးနောက် ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ ထည့်ကာ အရသာအပေါ့အငန် မြည်းကြည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဟင်းရွက်စုံ ကြက်သာစွပ်ပြုတ်လေး ရရှိသွားပါပြီ။

Source: Paleogrubs.com