အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အရသာရှိတဲ့ ချိစ်အရသာ အသား ကြက်ဥပေါင်း ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၃ လုံး
  • မတူညီသော ချိစ် ၃ မျိုး စားပွဲတင်ဇွန်း ၄ ဇွန်းစီ
  • နုပ်နုပ်စဉ်းထားသော အသားနှင့် ဟင်းသီးဟင်းရွက်များ စားပွဲတင်ဇွန်း ၈ ဇွန်း (မိမိကြိုက်နှစ်သက်ရာ အမျိုးအစားကို ရွေးချယ်အသုံးပြုနိုင်ပါတယ်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဖျော်စက်ထဲတွင် ကြက်ဥများကို ဖောက်ထည့်ပြီးနောက် Cottage ချိစ် စားပွဲတင်ဇွန်း ၄ ဇွန်းထည့်ကာ သမအောင် မွှေဖျော်ပေးလိုက်ပါ။

၂။ ရရှိလာတဲ့ ကြက်ဥအရောအနှောကို ပန်းကန်လုံးထဲထည့်ပါ။ ထို့နောက် အသားနှင့် ဟင်းသီးဟင်းရွက်များထည့်ကာ သမအောင် မွှေခလောက်ပေးလိုကပါ။ ပြီးရင်တော့ အချောင်းလိုက် လှီးဖြတ်ထားသော ချိစ် စားပွဲတင်ဇွန်း ၄ ဇွန်းခ်န့ထည့်ကာ သမအောင် မွှေပါ။

၃။ ထို့နောက် ကြက်ဥအရောအနှောများကို ဆီသုတ်ထားပြီးသား ပုံစံခွက်ငယ်ထဲထည့်ပါ။

၄။ ထို့နောက် ပေါင်းအိုးကို အသင့်ပြင်ထားပါ။ ပြီးမှ ကြက်ဥထည့်ထားသော ပုံစံခွက်ငယ် ထည့်ကာ ၈ မိနစ်၊ ၁၉ မိနစ်ခန့် ပေါင်းပေးလိုက်ပါ။

သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ အရသာရှိတဲ့ ချိစ်အရသာ အသား ကြက်ဥပေါင်းလေး ရရှိသွားပါပြီ။

Source: Simplyrecipes.com