အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ လျှာလည်သွားစေဖို့အတွက် အာလူး ဝက်နံရိုးဟင်းလျာလေးကို ကိုရီးယားစတိုင်လ် ဘယ်လိုချက်ပြုတ်နိုင်မလဲ ဆိုတာ ဝေမျှပေးချင်ပါတယ်။

ချက်ပြုတ်ရလွယ်ကူပြီး အချိန်ကုန် လူပင်ပန်းသက်သာအောင် Instant Pot နဲ့ ချက်ပြုတ်သွားမှာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်နံရိုး ၂ ပေါင်
  • အာလူး ၃ လုံး (အတုံးခပ်ကြီးကြီး တုံးထားပါ)
  • မုန်လာဥနီ ၂ လုံး (အာလူးနှင့် အရွယ်အစားတူ တုံးထားပါ)
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၈ ဇွန်း

  • ဆန်ဝိုင် စားပွဲတင်ဇွန်း ၅ ဇွန်း
  • ပန်းသီး ၁ လုံး (အနေတော်အတုံး လှီးဖြတ်ထားပါ)
  • ကြက်သွန်နီ အလုံးကြီး ၁ ဥ (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၆ မြွှာ (ပါးပါးလှီးထားပါ)
  • ၁ လက်မပတ်လည်းဂျင်းတုံး ၁ တုံးနှင့် ရေ စားပွဲတင်ဇွန်း ၈ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အခြားပါဝင်ပစ္စည်းများ အဆင်သင့်ဖြစ်ဖို့ရန်အတွက် ပြင်ဆင်နေချိန်မှာ ဝက်နံရိုးများကို ရေခဲရေထဲတွင် စိမ်ထားလိုက်ပါ။

၂။ ထို့နောက် Instant Pot ထဲသို့ ဝက်နံရိုးများ ထည့်ပြီးနောက် ပဲငံပြာရည်၊ ဆန်ဝိုင်၊ ပန်းသီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းနှင့် ရေတို့ထည့်ကာ Instant အိုးပေါ်ရှိ Pressure Cook ဆိုသည့်ခလုတ်ကို နှိပ်ကာ Timer ဖြင့် ၃၅ မိနစ် အချိန်မှတ်ထားကာ ဝက်နံရိုးများ နူးအိသွားအောင် တည်လိုက်ပါ။ ၃၅ မိနစ်ပြည့်ပါက ဝက်နံရိုးများကို ချက်ချင်းမထုတ်ဘဲ ၁၀ မိနစ်ခန့် ထပ်စောင့်ပါ။

၃။ ၁၀ မိနစ်ပြည့်မှ ဝက်နံရိုးများကို အိုးထဲကထုတ်ပြီး ပန်းကန်ပြားထဲ ထည့်ပါ။ ထို့နောက် ပလပ်စတစ်အိတ်ဖြင့် လုံအောင် အုပ်ထားလိုက်ပါ။

၄။ Instant Pot ထဲတွင် ဝက်နံရိုးပြုတ်ရည်များ ကျန်ခဲ့ပါလိမ့်မယ်။ ထိုအိုးထဲသို့ အာလူးနှင့် မုန်လာဥနီများ ထည့်လိုက်ပါ။ ထို့နောက် ဟင်းရည်များကို ပျစ်သွားစေချင်တဲ့အတွက်ကြောင့် Instant အိုးပေါ်ရှိ Saute ဆိုသည့်ခလုတ်ကို နှိပ်ပြီး ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် တည်ထားလိုက်ပါ။

သတ်မှတ်ချိန်ပြည့်ပါက ဂျင်းတုံးများကို ဖယ်ရှားလိုက်ပါ။ ဝက်နံရိုးများကို အိုးထဲ ပြန်ထည့်ကာ နှမ်းဆီများ ဆမ်းထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကိုရီးယားစတိုင်လ် အာလူး ဝက်နံရိုးဟင်းလျာလေး ရရှိသွားပါပြီ။

Source: Drivemehungry.com