အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အရသာရှိတဲ့ ရွှေဖရုံသီးကင် မှိုအမဲသားဟင်း ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ရွှေဖရုံသီး ၁၄၀ ဂရမ် (အခွံခွာပြီး အနေတော်အတုံး လှီးဖြတ်ထားပါ)
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆားအနည်းငယ်
  • မှို ၆၀ ဂရမ်
  • နှမ်းစေ့ အနည်းငယ်

  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆန်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ဂျပန်အရက် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း တစ်ဝက်နှင့် ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်သွန်နီ ၁ ဥ (နုပ်နုပ်စဉ်းထားပါ)နှင့် ကြက်သွန်မြိတ် အနည်းငယ်
  • အမဲသား ၁၇၀ ဂရမ် (အနေတော်အတုံး လှီးဖြတ်ထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် ဆန်ဝိုင်၊ ဂျပန်အရက်နှင့် ပဲငံပြာရည်တို့ကို သမအောင် ရောမွှေထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သွန်နီထည့်ပြီး ၁ မိနစ်ခန့် ဆီသတ်ပါ။ ထို့နောက် အမဲသားထည့်ကာ ၁ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

အမဲသားက အညိုရောင် ပြောင်းသွားပြီဆိုတာနဲ့ ဆန်ဝိုင်အရောအနှောထည့်ပါ။ ကြက်ပြုတ်ရည် ထည့်ပြီး သမအောင် ရောမွှေပေးလိုက်ပါ။ ဟင်းရည်လေး ပျစ်သွားသည်အထိ တည်ပေးရပါမယ်။ ပြီးရင်တော့ ပန်းကန်ထဲသို့ ဆယ်ထည့်ထားလိုက်ပါ။

၃။ ဟင်းရွက်များ ကြော်ဖို့ရန်တွက် ဒယ်အိုးထဲသို့ ဆီထပ်ထည့်ပါ။ ထို့နောက် ပါးပါးလှီးထားသော မှိုများထည့်ကာ နူးအိသွားသည်အထိ ကြော်ပါ။ ထို့နောက် နှမ်းစေ့နှင့် ပျားရည်တို့ထည့်ကာ နောက်ထပ် စက္ကန့် ၃၀ ခန့် ကြော်လိုက်ပါ။ ဆား အနည်းငယ် ထည့်ပြီးနောက် မီးဖိုပေါ်က ချလိုက်ပါ။

၄။ နောက်တစ်ဆင့်အနေနဲ့ ရွှေဖရုံသီး ကင်ရပါမယ်။ အကင်မီးဖိုကို အပူပေးပြီး သံလွင်ဆီထည့်ပါ။ ရွှေဖရုံသီး ထည့်ပါ။ ဆားနှင့် ငရုတ်ကောင်းတို့ထည့်ကာ မိနစ်အနည်းငယ်ခန့် ကင်ထားလိုက်ပါ။

၅။ နောက်ဆုံးအဆင့်အနေနဲ့ ဟင်းလျာကို လှပအောင် အလှဆင်ပေးရမှာဖြစ်ပါတယ်။

ပန်းကန်လုံးထဲသို့ မှိုထည့်ပါ။ အမဲသားနှင့် ရွှေဖရုံသီးကင်များ ထည့်လိုက်ပါ။ ကြက်သွန်မြိတ်လေး ဖြူးထည့်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ရွှေဖရုံသီးကင် မှိုအမဲသားဟင်းလျာလေး ရရှိသွားပါပြီ။

Source: Asianfoodnetwork.com