အားလုံးပဲမင်္ဂလာပါ။ အမဲသားကဲ့သို့ နီမြန်းတဲ့အသားတွေက ပရိုတင်းဓာတ်ကြွယ်ဝပြီး သံဓာတ်၊ ဇင့်ဓာတ်နဲ့ အခြားဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တဲ့ အသားတစ်မျိုးပါ။

ထိုအာဟာရပြည့်ဝစေတဲ့ အသားကို အာလူး၊ မုန်လာဥနီတို့နဲ့ ရောချက်လိုက်တဲ့အခါ သူ့ရဲ့ အာဟာရတန်ဖိုးက ပိုမိုမြှင့်တက်သွားပါတော့တယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်အတွက် အာဟာရဖြစ်စေတဲ့ ဂျပန်စတိုင်လ် အာလူး အမဲသားဟင်း ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မြေပဲဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • အမဲသား ၁ ပေါင် (အနေတော် လှီးဖြတ်ထားပါ)
  • ကြက်သွန်နီ အကြီး ၁ ဥ (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ပါးပါးလှီးထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း

  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၃ ဇွန်း
  • မုန်လာဥနီ ၂ လုံးနှင့် အာလူး ၁ လုံး (အခွံခွာထားပြီး အနေတော် အတုံး တုံးထားပါ)
  • ခရမ်းချဉ်သီးအနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ရေ ၄ ခွက်စာ(၁ လီတာခန့်) နှင့် ဝိုင်နီ ၄၅၀ မီလီလီတာ

ပြုလုပ်နည်းအဆင့်ဆင့်

၁။ အိုးအကြီးတစ်လုံးကို အမြင့်ဆုံး မီးအပူချိန်ဖြင့် အပူပေးပြီး မြေပဲဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ အမဲသားတို့ထည့်ကာ ၅ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ အမဲသားများ ကျက်သွားပါက ပန်းကန်ပြားထဲ ပြောင်းထည့်လိုက်ပါ။

၂။ မီးအပူကို အလယ်အလတ်သို့ ချပြီးနောက် ထိုအိုးထဲသို့ ကျန်ရှိနေသော မြေပဲဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး ကြက်သွန်နီထည့်ကာ ၁၀ မိနစ်ခန့် ကြော်လိုက်ပါ။ ဂျင်း၊ ကြက်သွန်ဖြူတို့ ထပ်ထည့်ပြီး ၂ မိနစ်ခန့် မွှေပေးလိုက်ပါ။ ဂျုံမှုန့် ထပ်ထည့်ပြီး ၁ မိနစ်ခန့် ထပ်မွှေပါ။

၃။ ထို့နောက် မုန်လာဥနီနဲ့ အာလူးတုံးများ ထပ်ထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။ ခရမ်းချဉ်သီးအနှစ် ထပ်ထည့်ကာ မွှေပြီးတဲ့နောက်မှာ ဝိုင်နီ ထပ်ထည့်ပြီး ဆူပွက်လာတဲ့အထိ စောင့်ပါ။

၄။ သကြား၊ ပဲငံပြာရည်နှင့် ရေတို့ ထပ်ထည့်ပြီး ဆူလာအောင် ထပ်စောင့်ပေးပါ။

၅။ ဆူလာပါက အမဲသားတုံးထည့်ပြီး မီးအပူချိန်ကို အနိမ့်ဆုံးသို့ လျှော့လိုက်ကာ အိုးအဖုံးအုပ်ထားပြီး မိနစ် ၃၀ ခန့် တည်ထားလိုက်ပါ။

၆။ အချိန်ပြည့်ပါက အိုးအဖုံးဖွင့်ပြီး ဆားနှင့် ငရုတ်ကောင်းတို့ ထည့်ကာ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

ဒါဆိုရင်တော့ ထမင်းနဲ့ တွဲဖက်စားသုံးဖို့ရန်အတွက် အရသာရှိတဲ့ ဂျပန်စတိုင်လ် အမဲသားဟင်းလျာ ရရှိသွားပြီပဲဖြစ်ပါတယ်။

Source : pickledplum.com