အားလုံးပဲ မင်္ဂလာပါ။ ခရမ်းသီးနှပ် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ခရမ်းသီးကို မြန်မာစတိုင်လ် မချက်ဘဲ ဂျပန်စတိုင်လ် ကြက်သားနဲ့အတူ ရောချက်မယ့်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်အုံသား ၈ အောင်စခန့် (လက်မဝက်အထူခန့် လှီးဖြတ်ထားပါ)
  • ရေ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ကြက်ပြုတ်ရည် ၆၀ မီလီလီတာ
  • ဟင်းချက်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ခရမ်းသီး ၂ လုံး (တစ်လက်မအထူခန့် လှီးဖြတ်ထားပါ)

  • ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)နှင့် ကြက်သွန်မြိတ် ၃ ပင် (ပါးပါးလှီးထားပါ)
  • ပူစီနံ တစ်စည်း (အမြစ်များကို ဖယ်ရှားပြီး ပါးပါးလှီးထားပါ)
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ပဲငံပြာရည်အနောက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည်အကြည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် ကြက်သားနှင့် ရေကိုရောနှောကာ ကြက်သားများ ရေကို စုပ်ယူသွားသည်အထိ နယ်ပေးလိုက်ပါ။ ထို့နောက် ဟင်းသီးဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ပဲငံပြာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ၊ ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းတို့ထည့်ကာ သမအောင် နယ်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ခရမ်းသီးထည့်ကာ အဖုံးအုပ်လျက်သားဖြင့် ၂ မိနစ်ခန့ ကြော်ပေးလိုက်ပါ။ အချိန်ပြည့်ပါက အဖုံး ဖယ်လိုက်ကာ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်လိုက်ပါ။ တစ်ဖန် အိုးအဖုံးအုပ်ပြီး ၂ မိနစ်ခန့် ထပ်တည်ပေးရပါမယ်။ ၂ မိနစ်ပြည့်ပါက မီးအပူချိန်ကို ထပ်မြှင့်ပြီး နောက်ထပ် ၂ မိနစ်ခန့် ထပ်တည်ပေးရပါမယ်။ ပြီးရင်တော့ ပန်းကန်ပြားထဲမှာ သပ်သပ်ဖယ်ထည့်ထားလိုက်ပါ။

၃။ ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထပ်ထည့်ပါ။ ကြက်သားထည့်ပြီး တစ်မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။ ထို့နောက် စောစောက ကြက်သားပန်းကန်ထဲသို့ ပြန်ခပ်ထည့်ထားပါ။

၄။ ထိုဒယ်အိုးထဲသို့ပင် ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်နှင့် ပူစီနံရွက်တို့ထည့်ပြီး စက္ကန့် ၃၀ ခန့် ကြော်ပေးလိုက်ပါ။ ပြီးမှ ခရမ်းသီးနှင့် ကြက်သားတို့ ထည့်ပါ။

၅။ နောက်တစ်ဆင့်အနေနဲ့ ဟင်းချက်ဝိုင်၊ ငါးငံပြာရည်၊ သကြား၊ ပဲငံပြာရည်၊ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့်တိုပထည့်ပြီး ၁ မိနစ်ခန့် သမအောင် မွှေပေးလိုက်ပါ။

၆။ ကြက်ပြုတ်ရည်ကို အိုးထဲ လောင်းထည့်ပြီးနောက် သမအောင် ထပ်မွှေပေးလိုက်ပါ။ ကြက်ပြုတ်ရည် ခမ်းခါနီးကျရင်တော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဂျပန်စတိုင်လ် ခရမ်းသီး ကြက်သားဟင်းလေး ရရှိသွားပါပြီ။ ထမင်းနဲ့ အတူတူ အရသာရှိရှိ သုံးဆောင်လိုက်ပါ။

Source: Thewoksoflife.com