အားလုံးပဲ မင်္ဂလာပါ။ ကြက်ဥကြော်ကို ဒီတစ်ခါမှာတော့ ဟင်းသီးဟင်းရွက်စုံစုံလင်လင်နဲ့ ကြော်လှော်ထားတဲ့ ကြက်ဥပန်ကိတ်ကြော် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၃ လုံး
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်ပြုတ်ရည် (သို့) ဟင်းရွက်ပြုတ်ရည် စားပွဲတင်ဇွန်း ၈ ဇွန်း
  • ဂျုံမှုန့် ုပန်းကန်လုံး ၁ လုံးစာ
  • ပါးပါးလှီးထားသော ဂေါ်ဖီထုပ် ပန်းကန်လုံး ၁ လုံးစာ

  • အချောင်းလိုက် ပါးပါးလှီးထားသော မုန်လာဥနီ ၁ လုံး
  • ရှီတာကီမှို ၂ ပွင့် (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၃ ပင် (ပါးပါးလှီးထားပါ)
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ကြက်ဥများ၊ ပဲငံပြာရည်နှင့် ကြက်ပြုတ်ရည်တို့ကို သမအောင် မွှေခလောက်ပေးလိုက်ပါ။

ထို့နောက် ဂျုံမှုန့်ထည့်ကာ ဂျုံမှုန့်များ သေချာပျော်ဝင်သွားသည်အထိ မွှေခလောက်ပေးလိုက်ပါ။

၂။ ကြက်ဥ ဂျုံမှုန့်နှစ်ထဲသို့ ဂေါ်ဖီထုပ်၊ မုန်လာဥနီ၊ မှိုနှင့် ကြက်သွန်မြိတ်တို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဟင်းရွက်ဆီနှင့် နှမ်းဆီတို့ ထည့်ပါ။ ဆီပူလာပါက ကြက်ဥ ဂျုံမှုန့်နှစ်အချို့လောင်းထည့်ပါ။ ဒယ်အိုးအဖုံးအုပ်ထားပြီး ၃ မိနစ်၊ ၄ မိနစ်ခန့် တည်ထားလိုက်ပါ။

၄။ သတ်မှတ်ချိန်ပြည့်ပါက အခြားတစ်ဖက်သို့လှန်ကာ အဖုံးဖွင့်လျက်သားဖြင့် ၂ မိနစ်ခန့် တည်ထားပါ။

၅။ ရရှိလာတဲ့ ကြက်ဥပန်ကိတ်ကို ပန်းကန်ပြားထဲ ပြောင်းထည့်ကာ ဆော့စ်အနည်းငယ် ဆမ်းလိုက်ပါ။

ကျန်ရှိနေတဲ့ ကြက်ဥမုန့်နှစ်များကိုလည်း ထိုနည်းအတိုင်း ကြော်ပေးရပါမယ်။

အားလုံးကြော်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ဟင်းရွက်စုံ ကြက်ဥပန်ကိတ်လေး ရရှိသွားပါပြီ။

Source: Sbs.com.au