အားလုံးပဲ မင်္ဂလာပါ။ မနက်ခင်းလေးမှာ အရသာရှိတဲ့ ထမင်းကြော်ပူပူလေးနဲ့ အာဟာရဖြည့်တင်းချင်သူများအတွက် ဒီတစ်ခါမှာတော့ ဂျပန်စတိုင်လ် ဝက်သားထမင်းကြော် ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဟင်းသီးဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်ဥ ၂ လုံး (မွှေခလောက်ထားပါ)
  • ပါးပါးလှီးထားသော ကြက်သွန်နီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • လေးထောင့်အတုံးငယ် တုံးထားသော မုန်လာဥနီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • လေးထောင့်တုံးငယ် တုံးထားသော ငရုတ်ပွ စားပွဲတင်ဇွန်း ၄ ဇွန်း

  • လေးထောင့်အတုံးငယ် လှီးဖြတ်ထားသော ဝက်ပေါင်ခြောက် စားပွဲတင်ဇွန်း ၅ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ထမင်း ပန်းကန်လုံး ၂ လုံးစာ (ပေါင်းထားသော ထမင်း)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပါ။

၂။ ဆီပူလာပါက မွှေခလောက်ထားသော ကြက်ဥများထည့်ပြီး မွှေကြော်ပေးလိုက်ပါ။

ထို့နောက် ပန်းကန်ပြားထဲသို့ ပြောင်းထည့်ထားလိုက်ပါ။

၃။ တစ်ဖန် ဒယ်အိုးထဲသို့ ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း ထပ်ထည့်ပြီးနောက် ကြက်သွန်နီ၊ မုန်လာဥနီ၊ ငရုတ်ပွနှင့် ဝက်ပေါင်ခြောက်တို့ထည့်ကာ နူးအိသွားသည်အထိ ကြော်ပေးလိုက်ပါ။

၄။ ထို့နောက် ဆားအနည်းငယ်ထည့်ပါ။ ထမင်းပေါင်း ထည့်ကာ သမအောင် မွှေကြော်ပေးလိုက်ပါ။

၅။ ပြီးမှ ကြက်ဥမွှေကြော်များ ပေါင်းထည့်ကာ သမအောင် ရောကြော်ပါ။

ထို့နောက် မီးအပူချိန်ကို လျော့ချလိုက်ပြီး ပဲငံပြာရည်ထည့်ကာ ကြော်လိုက်ပါ။

အရသာအပေါ့အငန် မြည်းကြည့်ပြီးနောက်မှာတော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ထိုအဆင့်များအားလုံး ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ဂျပန်စတိုင်လ် ဝက်သားထမင်းကြော်လေး ရရှိသွားပါပြီ။ ပန်းကန်ပြားထဲထည့်ကာ အရသာရှိရှိ သုံးဆောင်လိုက်ပါ။

Source: Thespruceeats.com