အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ဂျပန်စတိုင်လ် ဟင်းသီးဟင်းရွက် ကြက်ဥပေါင်းပြုလုပ်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မှို ၄ ပွင့်
  • ရေ ၂၅၀ မီလီလီတာ
  • ကြက်ပြုတ်ရည် ၂၅၀ မီလီလီတာ
  • ကြက်ဥ ၂ လုံး
  • မုန်လာဥနီ တစ်ဝက် (၁၂ ပြားခန့်ရအောင် ပါးပါးလှီးဖြတ်ထားပါ)

  • ဆန်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပေါင်းအိုးထဲထည့်မယ့် အဖုံးပါသောပန်းကန်လုံး လေးလုံးကို အဆင်သင့်ပြင်ထားပါ။ မှိုများကို ရေထဲတွင် ပျော့သွားသည်အထိ စိမ်ထားလိုက်ပါ။ ထို့နောက် မှိုများကို ဆယ်ယူပြီးနောက် ပါးပါးလှီးပါ။ မှိုရည်များကိုတော့ ပြန်လည်အသုံးပြုနိုင်ရန်အတွက် သပ်သပ်ဖယ်ထားလိုက်ပါ။

၂။ မုန်လာဥနီများကို ပါးပါးလှီးပြီးနောက် ပန်းပွင့်ပုံ (သို့) ကြယ်ပုံ ပုံစံခွက်ဖြတ်စက်ဖြင့် ဖြတ်ထားလိုက်ပါ။

၃။ ကြက်ပြုတ်ရည်နှင့် မှိုရည်တို့ကို မီးအေးအေးဖြင့် အပူပေးလိုက်ပါ။ သမသွားတဲ့အခါမှာတော့ မီးဖိုပေါ်ကချကာ အအေးခံထားလိုက်ပါ။

ကြက်ဥ ၂ လုံးကို သမအောင် မွှေခလောက်ထားပါ။

ထိုကြက်ဥထဲသို့ စောစောကအအေးခံထားသော အရည်အရောအနှောကို လောင်းထည့်ကာ သမအောင် ထပ်မွှေပေးလိုက်ပါ။

ရရှိလာတဲ့ အရည်ကို ဇကာစစ်ဖြင့် စစ်ထုတ်ပေးလိုက်ပါ။

၄။ အဆင့် (၁)က အသင့်ပြင်ထားသော အဖုံးပါ ပန်းကန်လုံး လေးလုံးကို ဒယ်အိုးထဲထည့်ထားပါ။ ထိုခွက်များ တစ်ဝက်ခန့်မြှုပ်ထားသည်အထိ ရေများ ထည့်လိုက်ပါ။ ထို့နောက် ပန်းကန်လုံးများကို ဖယ်ထုတ်ကာ ဒယ်အိုးအဖုံးအုပ်ထားပြီး ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။

၅။ ပွက်ပွက်ဆူအောင် စောင့်နေတဲ့အချိန်မှာ ထိုပန်းကန်လုံးများထဲသို့ မှိုနှင့် မုန်လာဥနီများကို အညီအမျှခွဲထည့်ထားလိုက်ပါ။ ထို့နောက် ကြက်ဥအရည်ကိုလည်း အညီအမျှခွဲထည့်လိုက်ပါ။ ပြီးရင်တော့ ပန်းကန်လုံးအဖုံး အုပ်ထားပေးလိုက်ပါ။

ဒယ်အိုးထဲကရေများ ပွက်ပွက်ဆူလာပြီဆိုရင်တော့ မီးအပူချိန်ကို အနိမ့်ဆုံးသို့ လျော့ချလိုက်ပြီးနောက် ပန်းကန်လုံးများထည့်ကာ ဒယ်အိုးအဖုံး ဖုံးလိုက်ပြီးနောက် ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် ထည့်ပေါင်းထားလိုက်ပါ။

အချိန်ပြည့်သွားတဲ့အခါမှာတော့ ဂျပန်စတိုင်လ် ဟင်းရွက်စုံကြက်ဥပေါင်းလေး ရရှိသွားပါပြီ။

အရသာရှိရှိသုံးဆောင်လိုက်ပါ။

Source: Huangkitchen.com