(Unicode)

အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ပြုလုပ်ရလွယ်ကူပြီး အရသာရှိတဲ့ အာလူးသုပ် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။ ဂျပန်စတိုင်လ် သုပ်နည်းလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး ၄ လုံး (အခွံခွာပြီး လေးထောင့်အတုံးငယ် တုံးထားပါ၊ နူးအိနေအောင် ပြုတ်ထားပါ)
  • မုန်လာဥနီ တစ်ဝက် (အချောင်းလိုက် ပါးပါးလှီးထားပါ)
  • သခွားသီး တစ်ဝက် (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ လေးစိပ် တစ်စိပ် (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)

  • ကြက်ဥ ၂ လုံး (ပြုတ်ပြီး လေးထောင့်အတုံး တုံးထားပါ)
  • မိရောနိစ် ၁၀၀ မီလီလီတာ
  • ငရုတ်ကောင်းမှုန့်၊ ဆားနှင့် သကြား လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဇလုံတစ်လုံးထဲတွင် သခွားသီး၊ မုန်လာဥနီနှင့် ကြက်သွန်နီတို့ထည့်ပြီး ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းနှင့် သကြား လက်ဖက်ရည်ဇွန်း တစ်ဇွန်းတို့ထည့်ပြီး သမအောင် နယ်ပေးလိုက်ပါ။ ထို့နောက် ၁၅ မိနစ်ခန့် စိမ်ထားလိုက်ပါ။ ၁၅ မိနစ်ပြည့်ပါက ဇလုံထဲက အရည်များကို စစ်ထုတ်လိုက်ပါ။

၂။ ထို့နောက် ထိုဇလုံထဲသို့ အာလူးပြုတ်၊ ကြက်ဥပြုတ်၊ မိရောနိစ်နှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး ခက်ရင်းဖြင့် သမအောင် နယ်ပေးလိုက်ပါ။

ထို့နောက် ရေခဲသေတ္တာထဲထည့်ကာ အအေးခံထားလိုက်ပါ။ စားခါနီးကျရင်တော့ အေးအေးလေးနဲ့ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Asianfoodchannel.com

(Zawgyi)

အားလံုးပဲ မဂၤလာပါ။ ဒီတစ္ခါမွာေတာ့ ျပဳလုပ္ရလြယ္ကူၿပီး အရသာရွိတဲ့ အာလူးသုပ္ ျပဳလုပ္နည္းကို ေဝမွ်ေပးခ်င္ပါတယ္။ ဂ်ပန္စတိုင္လ္ သုပ္နည္းေလးပဲျဖစ္ပါတယ္။

ပါဝင္ပစၥည္းမ်ား

  • အာလူး ၄ လံုး (အခြံခြာၿပီး ေလးေထာင့္အတံုးငယ္ တံုးထားပါ၊ ႏူးအိေနေအာင္ ျပဳတ္ထားပါ)
  • မုန္လာဥနီ တစ္ဝက္ (အေခ်ာင္းလိုက္ ပါးပါးလွီးထားပါ)
  • သခြားသီး တစ္ဝက္ (ပါးပါးလွီးထားပါ)
  • ၾကက္သြန္နီ ေလးစိပ္ တစ္စိပ္ (ပါးပါးလွီးထားပါ)
  • ၾကက္သြန္ၿမိတ္ ၁ ပင္ (ပါးပါးလွီးထားပါ)

  • ၾကက္ဥ ၂ လံုး (ျပဳတ္ၿပီး ေလးေထာင့္အတံုး တံုးထားပါ)
  • မိေရာနိစ္ ၁၀၀ မီလီလီတာ
  • ငရုတ္ေကာင္းမႈန္႔၊ ဆားႏွင့္ သၾကား လက္ဖက္ရည္ဇြန္း တစ္ဇြန္း

ျပဳလုပ္နည္း အဆင့္ဆင့္

၁။ ဇလံုတစ္လံုးထဲတြင္ သခြားသီး၊ မုန္လာဥနီႏွင့္ ၾကက္သြန္နီတို႔ထည့္ၿပီး ဆား လက္ဖက္ရည္ဇြန္း တစ္ဇြန္းႏွင့္ သၾကား လက္ဖက္ရည္ဇြန္း တစ္ဇြန္းတို႔ထည့္ၿပီး သမေအာင္ နယ္ေပးလိုက္ပါ။ ထို႔ေနာက္ ၁၅ မိနစ္ခန္႔ စိမ္ထားလိုက္ပါ။ ၁၅ မိနစ္ျပည့္ပါက ဇလံုထဲက အရည္မ်ားကို စစ္ထုတ္လိုက္ပါ။

၂။ ထို႔ေနာက္ ထိုဇလံုထဲသို႔ အာလူးျပဳတ္၊ ၾကက္ဥျပဳတ္၊ မိေရာနိစ္ႏွင့္ ငရုတ္ေကာင္းမႈန္႔တို႔ထည့္ၿပီး ခက္ရင္းျဖင့္ သမေအာင္ နယ္ေပးလိုက္ပါ။

ထို႔ေနာက္ ေရခဲေသတၲာထဲထည့္ကာ အေအးခံထားလိုက္ပါ။ စားခါနီးက်ရင္ေတာ့ ေအးေအးေလးနဲ႔ အရသာရွိရွိသံုးေဆာင္ႏိုင္ပါၿပီ။

Source: Asianfoodchannel.com