အခုလိုပူပြင်းတဲ့နွေရာသီမှာ အရည်သောက်တစ်ခုခုပါမှ ထမင်းစားရတာ ပိုစားကောင်းသလိုခံစားရပါတယ်။ အရည်သောက်မပါတဲ့နေ့တွေဆိုရင် ထမင်းစားရတာ ခြောက်ကပ်ကပ်ကြီးနဲ့ တစ်ခုခုလိုနေသလို ခံစားရပါတယ်။ ဒါ့ကြောင့် ထမင်းစားမြိန်ဖို့အတွက် အရသာရှိတဲ့ ပဲပြား မှိုဟင်းရည်ပြုလုပ်နည်းကို ဝေမျှပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ခရမ်းချဉ်သီးတစ်လုံး (လေးထောင့်တုံးများ လှီးဖြတ်ထားပါ)
- နှမ်းဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
- ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
- မှို ၁၀၀ ဂရမ် (ပါးပါးလှီးထားပါ)
- ရေ တစ်လီတာခွဲ
- ပဲပြား ၂ တုံး (အနေတော်အတုံး တုံးထားပါ)
- ပဲငံပြာရည် စားပွဲတင်ဇွန်းတစ်ဇွန်း
- ကြက်သွန်နီ ၂ ဥ (ပါးပါးလှီးထားပါ)
- ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
ပြုလုပ်နည်းအဆင့်ဆင့်
၁။ ဒယ်အိုးအကြီးတစ်လုံးထဲတွင် ခရမ်းချဉ်သီး၊ ကြက်သွန်မြိတ်နှင့် မှိုများထည့်ပြီး ၃ မိနစ်ခန့် မွှေပေးလိုက်ပါ။
၂။ ရေ ထည့်ပြီးနောက် ပွက်ပွက်ဆူလာသည်အထိ တည်ထားလိုက်ပါ။ ဆူလာပါက ပဲပြား၊ ပဲငံပြာရည်နဲ့ ကြက်သွန်တို့ထည့်ပြီး မီးအပူချိန်ကို အနိမ့်ဆုံးသို့ လျော့ချလိုက်ပါ။
၃။ ထို့နောက် ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး အရသာ အပေါ့အငန်မြည်းကြည့်လိုက်ပါ။ အရသာအနေတော်ဖြစ်ပြီဆိုပါက မီးအပူချိန်နည်းနည်းနဲ့ ၈ မိနစ်ခန့် တည်ထားလိုက်ပါ။
ဒါဆိုရင်တော့ အရသာရှိတဲ့ ပဲပြား မှိုဟင်းရည်တစ်ခွက်ကို ထမင်းစားတဲ့အခါ ပိုပြီးစားမြိန်အောင် သုံးဆောင်နိုင်မှာပဲဖြစ်ပါတယ်။
Source: thespruceeats.com