အားလုံးပဲ မင်္ဂလာပါ။ ပေါင်မုန့် ကြက်ဥမွှေကြော်ကို မနက်စာအဖြစ် စားသုံးလေ့ရှိကြတဲ့ Foodies လေးတွေအတွက်ရော ကြက်ဥမွှေကြော်ကို အရံဟင်းအနေနဲ့ အလွယ်တကူ ကြော်ချက်ချင်ကြတဲ့ အိမ်ရှင်မတွေအတွက် အရသာရှိပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ကိုက်လန် ကြက်ဥမွှေကြော် ပြုလုပ်နည်းကို ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၅ လုံး
  • နွားနို့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၁ မြွှာ (ပါးပါးလှီးထားပါ)
  • ကိုက်လန် ၂ စည်း (ပါးပါးလှီးထားပါ) ဟင်းနုနွယ် သို့မဟုတ် အခြားဟင်းသီးဟင်းရွက်များလည်း အစားထိုးအသုံးပြုနိုင်ပါတယ်

Chinese Kale Green Leaf

  • ချိစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ဥ ၅ လုံးကို ပန်းကန်လုံးတစ်လုံးထဲ ဖောက်ထည့်ပြီးနောက် နွားနို့၊ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်ကာ မွှေခလောက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး သံလွင်ဆီထည့်ပါ။ ထို့နောက် ကြက်သွန်နီ၊ ကြက်သွန်ဖြူ ထည့်ကာ ဆီသတ်ပါ။

၃။ ထို့နောက် မွှေခလောက်ထားသော ကြက်ဥများ ထည့်ပြီး ကြက်ဥ မကျက်တကျက်ဖြစ်သွားသးည်အထိ ကြော်ပါ။

၄။ နောက်တစ်ဆင့်အနေနဲ့ ပါးပါးလှီးထားသော ကိုက်လန်များ ထည့်ကာ ကြက်ဥကြော်ဖြင့် မွှေကြော်ပေးလိုက်ပါ။

ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်ကာ အရသာအပေါ့အငန်မြည်းကြည့်နိုင်ပါတယ်။

ထိုအဆင့်များအားလုံး ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ကိုက်လန် ကြက်ဥမွှေကြော်တစ်ခွက် ရရှိသွားပါပြီ။ အရံဟင်းအနေနဲ့ စားသုံးလို့လည်းရသလို မနက်စာအဖြစ် ပေါင်မုန့်နဲ့ တွဲဖက်စားသုံးမယ်ဆိုလည်း အရသာရှိပါတယ်။

Source: Jackieunfiltered.com