ကရင်တာလပေါဟင်းက ကရင်လူမျိုးတွေသာမက အခြားသူတွေကပါ ကြိုက်နှစ်သက်ကြတဲ့ ဟင်းတစ်မျိုးပါပဲ။ ဒီလိုအရသာရှိတဲ့ ကရင်တာလပေါဟင်းကို အိမ်မှာချက်စားချင်သူများအတွက် ချက်နည်းလေးကို ဖော်ပြပေးလိုက်ရပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်သွန်နီ – ၁ဥ
- ငရုပ်သီးအကြမ်းဖတ်ထောင်း – အနည်းငယ်
- ကြက်သွန်ဖြူ – ၃ ဥ
- ဆီ – ၂ စားပွဲတင်ဇွန်း
- အာလူး – ၂ လုံး
- ခရမ်းသီး – ၂ လုံး
- ရုံးပတီသီး – ၅ တောင့်
- ပဲသီး – ၁ စည်း
- ပဒဲကော – ၃ ပင်
- ရွှေဖရုံသီး – ၁ စိတ်
- ဘူးသီး – ၁ စိတ်
- မျှစ်ချဉ် – ၁၅ ကျပ်သား
- ဒန့်သလွန်သီး – ၂ တောင့်
- ဆန်လှော်ထောင်း – နို့ဆီဗူးခွဲ
- ကြက်သဟင်းရွက် – ၂ စည်း
- မန်ကျည်းရည် – အနည်းငယ်
- ပိန္နဲစိတ် – ၁ စိတ်
- ဆား – ၂ လက်ဘက်ရည်ဇွန်း
- ကြက်သားမှုန့် – ၂ လက်ဘက်ရည်ဇွန်း
ပြုလုပ်နည်း
ဟင်းသီးဟင်းရွက်များကို ရေစင်အောင် ဆေးပြီး အနေတော် လှီးပါ။
ကြက်သွန်ဖြူ ၊ ကြက်သွန်နီ တို့ကို အခွံခွာ ပါးပါးလှီးပြီး ဆီသတ်ပါ။
ကြက်သွန် များမွှေးလာလျှင် ဆန်လှော် ထောင်းထည့် မွှေပါ။ ရေအနည်းငယ် ထည့်ပါ။
ဆန်ပွလာလျှင်လှီးထားသော ဟင်းသီးဟင်းရွက်မှ ပဲသီး ၊ ရုံးပတီသီး ၊ ခရမ်းသီး နှင့် အရွက်ကို ချန်ပီး ကျန်သည့် ဟင်းသီးဟင်းရွက်များ ထည့်မွှေပါ။ ဆားနှင့်ကြက်သားမှုန့် ထည့်ပါ။
ဟင်းသီးဟင်းရွက်များ မြုပ်အောင် ရေအနည်းငယ် ထည့်ပါ။ ဟင်းသီးဟင်းရွက်များ နူးလာပါက ပဲသီး ၊ ရုံးပတီသီး နှင့် ခရမ်းသီးတို့ ထည့်ပါ။ ရေခမ်းလာပါက ဟင်းသီးဟင်းရွက်များ နူးမနူး ကို ကြည့်ပြီး ရေအနည်းငယ် ထပ်ထည့်ပေးပါ။
အသီးများ အားလုံး အနေတော်နူးလာပါက ဒန့်သလွန်ရွက်နဲ့ ကြက်သဟင်းရွက်တို့ထည့်ပါ။
အရွက်များထည့်ပြီး၂ မိနစ်နေပါက ပန်းကန်ထဲ ထည့်ပါ။
ချဉ်စပ်ကြိုက်သူများ မန်ကျည်းရည်နှင့် ငရုတ်သီး အကြမ်းဖတ် ထောင်းထည့်ပြီး စားနိုင်ပါသည်။
Credit: မြန်မာ့သတင်း