မနက်ခင်းလေးမှာ မနက်စာအဖြစ် ထမင်းကြော်ပူပူနွေးနွေးလေးကို အာဟာရရှိအောင် သုံးဆောင်ချင်သူများအတွက် ဒီတစ်ခါမှာတော့ ခရမ်းချဉ်သီး Ketchup ထမင်းကြော် ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
- ပါးပါးလှီးထားသော ကြက်သွန်နီ စားပွဲတင်ဇွန်း ၈ ဇွန်း
- မုန်လာဥနီ ၁ လုံး (ပါးပါးလှီးထားပါ)
- ပန်းဂေါ်ဖီစိမ်း ပန်းကန်လုံး ၁ လုံး (ပါးပါးလှီးထားပါ)
- ကြက်သွန်ဖြူ ၂ မြွှာ
- ထမင်း ပန်းကန်လုံး ၂ လုံးစာ
- ခရမ်းချဉ်သီး Ketchup စားပွဲတင်ဇွန်း ၂ ဇွန်း
- ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
- ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၁ ဇွန်း
- နှမ်းစေ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ထို့နောက် ကြက်သွန်နီ၊ မုန်လာဥနီနှင့် ပန်းဂေါ်ဖီစိမ်းထည့်ကာ ၁ မိနစ်ခန့် မွှေကြော်ပါ။
၂။ ထို့နောက် ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး Ketchup နှင့် ပဲငံပြာရည်၊ ငရုတ်ကောင်းမှုန့်အနည်းငယ်ထည့်ကာ ၁ မိနစ်ခန့် ရောကြော်လိုက်ပါ။
၃။ နောက်တစ်ဆင့်အနေနဲ့ ထမင်းထည့်ကာ ၂ မိနစ်ခန့် မွှေကြော်ပါ။
၄။ ထို့နောက် ပဲလုံးစိမ်းနှင့် ဆားအနည်းငယ်ထည့်ကာ ပဲလုံးစိမ်းများ နွေးနွေးလေး ဖြစ်သွားသည်အထိ မွှေကြော်ပေးရပါမယ်။
အားလုံးကြော်ပြီးတဲ့အခါ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။ မီးဖိုပေါ်က ချခါနီးကျမှ ကြက်သွန်မြိတ်နှင့် နှမ်းစေ့တို့ ဖြူးထည့်လိုက်ပါ။
ထိုအဆင့်များအားလုံး ပြီးသွားပါက အရသာရှိတဲ့ ခရမ်းချဉ်သီး Ketchup ထမင်းကြော်လေး ရရှိသွားပါပြီ။
Source: Drivemehungry.com