မနက်ခင်းလေးမှာ မနက်စာအဖြစ် ထမင်းကြော်ပူပူနွေးနွေးလေးကို အာဟာရရှိအောင် သုံးဆောင်ချင်သူများအတွက် ဒီတစ်ခါမှာတော့ ခရမ်းချဉ်သီး Ketchup ထမင်းကြော် ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်နီ စားပွဲတင်ဇွန်း ၈ ဇွန်း
  • မုန်လာဥနီ ၁ လုံး (ပါးပါးလှီးထားပါ)
  • ပန်းဂေါ်ဖီစိမ်း ပန်းကန်လုံး ၁ လုံး (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၂ မြွှာ

  • ထမင်း ပန်းကန်လုံး ၂ လုံးစာ
  • ခရမ်းချဉ်သီး Ketchup စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • နှမ်းစေ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ထို့နောက် ကြက်သွန်နီ၊ မုန်လာဥနီနှင့် ပန်းဂေါ်ဖီစိမ်းထည့်ကာ ၁ မိနစ်ခန့် မွှေကြော်ပါ။

၂။ ထို့နောက် ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး Ketchup နှင့် ပဲငံပြာရည်၊ ငရုတ်ကောင်းမှုန့်အနည်းငယ်ထည့်ကာ ၁ မိနစ်ခန့် ရောကြော်လိုက်ပါ။

၃။ နောက်တစ်ဆင့်အနေနဲ့ ထမင်းထည့်ကာ ၂ မိနစ်ခန့် မွှေကြော်ပါ။

၄။ ထို့နောက် ပဲလုံးစိမ်းနှင့် ဆားအနည်းငယ်ထည့်ကာ ပဲလုံးစိမ်းများ နွေးနွေးလေး ဖြစ်သွားသည်အထိ မွှေကြော်ပေးရပါမယ်။

အားလုံးကြော်ပြီးတဲ့အခါ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။ မီးဖိုပေါ်က ချခါနီးကျမှ ကြက်သွန်မြိတ်နှင့် နှမ်းစေ့တို့ ဖြူးထည့်လိုက်ပါ။

ထိုအဆင့်များအားလုံး ပြီးသွားပါက အရသာရှိတဲ့ ခရမ်းချဉ်သီး Ketchup ထမင်းကြော်လေး ရရှိသွားပါပြီ။

Source: Drivemehungry.com