(Unicode)

အားလုံးပဲ မင်္ဂလာပါ။ ဘာဂါစားတဲ့အခါ လူအများစုက အသားပြားတွေနဲ့သာ စားသုံးလေ့ရှိကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အသားပြားနဲ့ စားရတာ ပိုအရသာရှိလို့ပါတဲ့။ ဒါပေမဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ စားမယ်ဆိုလည်း အရသာရှိနေဆဲပါပဲ။

မယုံမရှိဘူးဆိုရင်တော့ မှို၊ ဘိုစားပဲ၊ ဟင်းရွက်စုံတို့ဖြင့် ပြုလုပ်ထားတဲ့ ဘာဂါကို လုပ်စားကြည့်လိုက်ပါနော်။

ပါဝင်ပစ္စည်းများ

  • မုန်လာဥနီ ၁ လုံး
  • အုတ်ဂျုံ ၃၀ ဂရမ်
  • ဘိုစားပဲ ၁၄ အောင်စ (ပြုတ်ထားပါ)
  • မှို ၃၈ ဂရမ်
  • ငရုတ်ပွ ၁ တောင့် (စတုရန်းအတုံးငယ်များ တုံးထားလိုက်ပါ)

  • ကြက်ဥ ၁ လုံး
  • Ketchup စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ မုန်လာဥနီကို အနေတော်အတုံး တုံးထားပြီးနောက် အစားအစာများ တုံးတစ်ရောနှောသည့်စက်ထဲထည့်ကာ ချေမွပစ်လိုက်ပါ။

၂။ အုတ်ဂျုံနှင့် ဘိုစားပဲတို့ထည့်ပြီး စက်ကို ထပ်မွှေပေးလိုက်ပါ။

၃။ ထို့နောက် မှို၊ ငရုတ်ပွ၊ ကြက်ဥ၊ Ketchup နှင့် ဆားတို့ကို စက်ထဲထည့်ကာ သမအောင် ထပ်မွှေပေးလိုက်ပါ။

၄။ ရရှိလာတဲ့ အနှစ်များကို ဇလုံတစ်လုံးထဲထည့်ကာ အဖုံးဖုံးထားပြီးနောက် ရေခဲသေတ္တာထဲမှာ ၄၅ မိနစ်ခန့် ထည့်ထားလိုက်ပါ။

၅။ (၄၅) မိနစ်ပြည့်ပါက အဝိုင်း ၄ ဝိုင်းမှ ၆ ဝိုင်းအထိ ပြုလုပ်ပေးလိုက်ပါ။

၆။ ရရှိလာတဲ့ ပဲဝိုင်းကို Oven ထဲထည့်မယ့် လင်ဗန်းပေါ်တင်ထားပြီးနောက် Oven ထဲမှာ ၁၀ မိနစ်၊ ၁၂ မိနစ်ခန့် ထည့်ထားလိုက်ပါ။ (၅ မိနစ်၊ ၆ မိနစ်ပြည့်တဲ့အခါ ပဲဝိုင်းကို တစ်ဖက်လှန်ပေးရပါမယ်။)

၇။ ရရှိလာတဲ့ ဘိုစားပဲဝိုင်းကို ဘာဂါပေါင်မုန့်ကြားထဲညှပ်ကာ အရသာရှိရှိစားသုံးနိုင်ပါပြီ။

Source: Thespruceeats.com

(Zawgyi)

အားလံုးပဲ မဂၤလာပါ။ ဘာဂါစားတဲ့အခါ လူအမ်ားစုက အသားျပားေတြနဲ႔သာ စားသံုးေလ့ရွိၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အသားျပားနဲ႔ စားရတာ ပိုအရသာရွိလို႔ပါတဲ့။ ဒါေပမဲ့ ဟင္းသီးဟင္းရြက္ေတြနဲ႔ စားမယ္ဆိုလည္း အရသာရွိေနဆဲပါပဲ။

မယံုမရွိဘူးဆိုရင္ေတာ့ မႈိ၊ ဘိုစားပဲ၊ ဟင္းရြက္စံုတို႔ျဖင့္ ျပဳလုပ္ထားတဲ့ ဘာဂါကို လုပ္စားၾကည့္လိုက္ပါေနာ္။

ပါဝင္ပစၥည္းမ်ား

  • မုန္လာဥနီ ၁ လံုး
  • အုတ္ဂ်ံဳ ၃၀ ဂရမ္
  • ဘိုစားပဲ ၁၄ ေအာင္စ (ျပဳတ္ထားပါ)
  • မႈိ ၃၈ ဂရမ္
  • ငရုတ္ပြ ၁ ေတာင့္ (စတုရန္းအတံုးငယ္မ်ား တံုးထားလိုက္ပါ)

  • ၾကက္ဥ ၁ လံုး
  • Ketchup စားပြဲတင္ဇြန္း ၂ ဇြန္း
  • ဆား လက္ဖက္ရည္ဇြန္း တစ္ဝက္

ျပဳလုပ္နည္း အဆင့္ဆင့္

၁။ မုန္လာဥနီကို အေနေတာ္အတံုး တံုးထားၿပီးေနာက္ အစားအစာမ်ား တံုးတစ္ေရာေႏွာသည့္စက္ထဲထည့္ကာ ေခ်မြပစ္လိုက္ပါ။

၂။ အုတ္ဂ်ံဳႏွင့္ ဘိုစားပဲတို႔ထည့္ၿပီး စက္ကို ထပ္ေမႊေပးလိုက္ပါ။

၃။ ထို႔ေနာက္ မႈိ၊ ငရုတ္ပြ၊ ၾကက္ဥ၊ Ketchup ႏွင့္ ဆားတို႔ကို စက္ထဲထည့္ကာ သမေအာင္ ထပ္ေမႊေပးလိုက္ပါ။

၄။ ရရွိလာတဲ့ အႏွစ္မ်ားကို ဇလံုတစ္လံုးထဲထည့္ကာ အဖံုးဖံုးထားၿပီးေနာက္ ေရခဲေသတၲာထဲမွာ ၄၅ မိနစ္ခန္႔ ထည့္ထားလိုက္ပါ။

၅။ (၄၅) မိနစ္ျပည့္ပါက အဝိုင္း ၄ ဝိုင္းမွ ၆ ဝိုင္းအထိ ျပဳလုပ္ေပးလိုက္ပါ။

၆။ ရရွိလာတဲ့ ပဲဝုိင္းကို Oven ထဲထည့္မယ့္ လင္ဗန္းေပၚတင္ထားၿပီးေနာက္ Oven ထဲမွာ ၁၀ မိနစ္၊ ၁၂ မိနစ္ခန္႔ ထည့္ထားလိုက္ပါ။ (၅ မိနစ္၊ ၆ မိနစ္ျပည့္တဲ့အခါ ပဲဝိုင္းကို တစ္ဖက္လွန္ေပးရပါမယ္။)

၇။ ရရွိလာတဲ့ ဘိုစားပဲဝိုင္းကို ဘာဂါေပါင္မုန္႔ၾကားထဲညွပ္ကာ အရသာရွိရွိစားသံုးႏိုင္ပါၿပီ။

Source: Thespruceeats.com