(Unicode)
အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ကိုရီးယားအစားအစာ ကြိုက်နှစ်သက်သူများအတွက် ကင်ချီထမင်းကြော် ကြော်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကင်ချီ ၁၅၀ ဂရမ်
- ကြက်သွန်နီ တစ်ခြမ်း (ပါးပါးလှီးထားပါ)
- ပါးပါးလှီးထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
- ထောပတ် (သို့) ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
- အမဲသားလွှာ ၄ ပြား၊ ၅ ပြားခန့် (အနေတော် အတုံးတုံးထားပါ)
- ထမင်း ပန်းကန်လုံး ၃ လုံးစာ
- ကြက်ဥ ၄ လုံး (Half-Fried ကြော်ထားပါ)
- ဆားအနည်းငယ်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဒယ်အိုးကို အပူပေးပြီးနောက် ကင်ချီနှင့် ကြက်သွန်နီတို့ထည့်ပြီး မိနစ်အနည်းငယ်ခန့် မွှေကြော်ပေးလိုက်ပါ။
၂။ (၂) မိနစ်ခန့်ကြာတဲ့အခါမှာတော့ ကြက်သွန်ဖြူ၊ ပဲငံပြာရည်၊ ထောပတ် စားပွဲတင်ဇွန်း တစ်ဝက်တို့ထည့်ပြီး ၂ မိနစ်၊ ၃ မိနစ်ခန့် ကြော်ပေးလိုက်ပါ။
၃။ ထို့နောက် အမဲသားတုံးများ ထည့်ကြော်ပေးလိုက်ပါ။ အမဲသားတုံးများ ကျက်သွားပြီျှိုရင်တော့ မီးအပူ ပိတ်ထားလိုက်ပါ။ ဒယ်အိုးရဲ့အပူနဲ့ပဲ ဆက်လက်ကြော်ပေးရပါမယ်။
၄။ ထမင်းနှင့် ကျန်ရှိနေတဲ့ ထောပတ်တို့ကို ဒယ်အိုးထဲထည့်ကာ ဆက်လက်ကြော်ပေးရပါမယ်။ ထမင်းများ အဖြူရောင်မှ ကင်ချီအရောင်ပြောင်းသွားပြီဆိုရင်တော့ အရသာအပေါ့အငန်မြည်းကြည့်ပြီးနောက် မီးဖိုပေါ် ချလိုက်လို့ရပါပြီ။
ထို့နောက် ကြက်ဥ Half-Fried တစ်လုံးနဲ့ တွဲဖက်စားသုံးလိုက်ပါ။ အရသာရှိတဲ့ ကင်ချီထမင်းကြော် ပြုလုပ်နည်းလေးပဲဖြစ်ပါတယ်။
Source: Thespruceeats.com
(Zawgyi)
အားလံုးပဲ မဂၤလာပါ။ ဒီတစ္ခါမွာေတာ့ ကိုရီးယားအစားအစာ ႀကိဳက္ႏွစ္သက္သူမ်ားအတြက္ ကင္ခ်ီထမင္းေၾကာ္ ေၾကာ္နည္းကို ေဝမွ်ေပးခ်င္ပါတယ္။
ပါဝင္ပစၥည္းမ်ား
- ကင္ခ်ီ ၁၅၀ ဂရမ္
- ၾကက္သြန္နီ တစ္ျခမ္း (ပါးပါးလွီးထားပါ)
- ပါးပါးလွီးထားေသာ ၾကက္သြန္ျဖဴ စားပြဲတင္ဇြန္း ၁ ဇြန္း
- ပဲငံျပာရည္ စားပြဲတင္ဇြန္း ၁ ဇြန္း
- ေထာပတ္ (သို႔) ဆီ စားပြဲတင္ဇြန္း ၁ ဇြန္း
- အမဲသားလႊာ ၄ ျပား၊ ၅ ျပားခန္႔ (အေနေတာ္ အတံုးတံုးထားပါ)
- ထမင္း ပန္းကန္လံုး ၃ လံုးစာ
- ၾကက္ဥ ၄ လံုး (Half-Fried ေၾကာ္ထားပါ)
- ဆားအနည္းငယ္
ျပဳလုပ္နည္း အဆင့္ဆင့္
၁။ ဒယ္အိုးကို အပူေပးၿပီးေနာက္ ကင္ခ်ီႏွင့္ ၾကက္သြန္နီတို႔ထည့္ၿပီး မိနစ္အနည္းငယ္ခန္႔ ေမႊေၾကာ္ေပးလိုက္ပါ။
၂။ (၂) မိနစ္ခန္႔ၾကာတဲ့အခါမွာေတာ့ ၾကက္သြန္ျဖဴ၊ ပဲငံျပာရည္၊ ေထာပတ္ စားပြဲတင္ဇြန္း တစ္ဝက္တို႔ထည့္ၿပီး ၂ မိနစ္၊ ၃ မိနစ္ခန္႔ ေၾကာ္ေပးလိုက္ပါ။
၃။ ထို႔ေနာက္ အမဲသားတံုးမ်ား ထည့္ေၾကာ္ေပးလိုက္ပါ။ အမဲသားတံုးမ်ား က်က္သြားၿပီွ်ိုရင္ေတာ့ မီးအပူ ပိတ္ထားလိုက္ပါ။ ဒယ္အိုးရဲ႕အပူနဲ႔ပဲ ဆက္လက္ေၾကာ္ေပးရပါမယ္။
၄။ ထမင္းႏွင့္ က်န္ရွိေနတဲ့ ေထာပတ္တို႔ကို ဒယ္အိုးထဲထည့္ကာ ဆက္လက္ေၾကာ္ေပးရပါမယ္။ ထမင္းမ်ား အျဖဴေရာင္မွ ကင္ခ်ီအေရာင္ေျပာင္းသြားၿပီဆိုရင္ေတာ့ အရသာအေပါ့အငန္ျမည္းၾကည့္ၿပီးေနာက္ မီးဖိုေပၚ ခ်လိုက္လို႔ရပါၿပီ။
ထို႔ေနာက္ ၾကက္ဥ Half-Fried တစ္လံုးနဲ႔ တြဲဖက္စားသံုးလိုက္ပါ။ အရသာရွိတဲ့ ကင္ခ်ီထမင္းေၾကာ္ ျပဳလုပ္နည္းေလးပဲျဖစ္ပါတယ္။
Source: Thespruceeats.com