ကိုရီးယားအစားအစာတွေ ကြိုက်နှစ်သက်သူများအတွက် ကင်ချီထမင်းကြော်ကတော့ မဖြစ်မနေမြည်းစမ်းကြည့်သင့်တဲ့ အစားအစာတစ်ခုပဲဖြစ်ပါတယ်။ ကင်ချီထမင်းကြော် ကြော်စားတဲ့အခါ အမဲသား (သို့) ကြက်သား (သို့) တူနာငါး စတဲ့ အသားငါးတွေနဲ့ ကြော်လှော်စားသောက်နိုင်ပါတယ်။

စာရေးသူကတော့ အမဲသားကို ပိုကြိုက်တဲ့အတွက်ကြောင့် အမဲသားထည့်ကြော်ထားပါတယ်။

ပါဝင်ပစ္စည်းများ

  • ကင်ချီ ၂၂၅ ဂရမ်
  • ကြက်သွန်နီ တစ်ခြမ်း (နုပ်နုပ်စဉ်းထားပါ)
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆီ (သို့) ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်း

  • အမဲသားအနည်းငယ် (ပါးပါးလှီးထားပါ)
  • ထမင်း ပန်းကန်လုံး ၃ လုံးစာ
  • ဆားအနည်းငယ်
  • ကြက်ဥ Half-Fried ၄ လုံး

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး ဒယ်အိုးကို အပူပေးပြီး ကင်ချီနဲ့ ကြက်သွန်ဖြူတို့ကို မိနစ်အနည်းငယ်ခန့် ကြော်ပေးလိုက်ပါ။

၂။ ပြီးရင်တော့ ကြက်သွန်ဖြူ၊ ပဲငံပြာရည်၊ ထောပတ် စားပွဲတင်ဇွန်း တစ်ဝက်တို့ထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

၃။ ထို့နောက် ပါးပါးလှီးထားသော အမဲသားထည့်ကာ အသားကျက်သွားသည်အထိ ကြော်ပေးရပါမယ်။

၄။ ထို့နောက် မီးပိတ်လိုက်ပါ။ ဒယ်အိုးထဲသို့ ထမင်းနှင့် ကျန်ရှိနေသော ထောပတ်တို့ထည့်ကာ မီးအပူရှိန်ဖြင့် သမအောင် ကြော်ပေးလိုက်ပါ။

၅။ ဆားအနည်းငယ်ထည့်ကာ အရသာအပေါ့အငန်းမြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ကိုရီးယားကင်ချီ ထမင်းကြော်လေး ရရှိသွားပါပြီ။

ပန်းကန်လုံးထဲထည့်ကာ ကြက်ဥ Half-Fried နဲ့အတူတူ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Thespruceeats.com