ကိုရီးယား ကင်ချီ နှစ်ကြိုက်ကြသော သူများအတွက် လွယ်ကူ မြန်ဆန် စွာ နဲ့ လုပ်စားလို့ ရမယ့် သခွားသီး ကင်ချီ လုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သခွားသီး – ၁၀ လုံး (အနေတော်အလုံးလေးတွေ၊ လေးခြမ်းခြမ်း အနေတော် ပြန်တုံး)
  • မုန်လာဥဖြူ – ၄ လုံး (အမျှင်လေးတွေ ခြစ်ထားပါ)
  • ဆား – ၁ ဇွန်း စားပွဲဇွန်း
  • သကြား – တစ်ဝက်ဇွန်း ဇွန်း စားပွဲဇွန်း
  • ဆားကြမ်း – ၂ ဇွန်း စားပွဲဇွန်း

  • ငရုတ်သီးအနှစ်နှင့် ငရုတ်သီးမှုန့်  – ၁ ဇွန်းစီ စားပွဲဇွန်း
  • ကိုးရီးယား ငံပြာရည် – ၁ ဇွန်း စားပွဲဇွန်း
  • ကြက်သွန်မြိတ် – ၅ ပင် (ခတ်ရှည်ရှည်လှီးထားပါ)
  • ချင်း – တစ်ဝက် ဇွန်း လက်ဖက်ဇွန်း (ထောင်းပြီးသား)
  • ကြက်သွန်ဖြူ -၁ ဇွန်း လက်ဖက်ဇွန်း (ထောင်းပြီးသား)

ပြုလုပ်နည်း

၁။ သခွားသီး ကိုအရင်ဆုံး ရေစင်အောင်ဆေးပါ။ ပြီးလျှင်လေးခြမ်းခြမ်းပါ။

၂။ ဖန်ဇလုံးအကြီးတွင် ခြမ်းထားသော သခွားသီး နှင့် ဆားကြမ်း ထည့်ပြီး နယ်ပါ။ ပြီးလျှင် ၈- ၁၀ မိနစ် လောက် အထိထားပါ။

၃။ ချင်း၊ ကြက်သွန်ဖြူ ကိုညုက်အောင်ထောင်းပါ။

၄။ မုန်လာဥဖြူ ကို အခွံခွာ ပြီး ရေဆင် အောင်ဆေးပါ။ အချောင်း အသေးလေး များလှီးပေးပါ။

၅။ ကြက်သွန်မြိတ် ကိုရေစဉ်အောင် ဆေးပြီး ရှည်ရှည် လေးတွေ ဖြတ်ပါ။

၆။ ဇလုံ အကြီး ထဲကို ထောင်းထားသော ချင်း၊ကြက်သွန်ဖြူ၊ နှင့် ဆား၊ငရုတ်သီးမှုန့်၊ ငရုတ်သီးအနှစ်၊ သကြား၊ ကိုးရီးယား ငံပြာရည်၊ လှီးတားသော ကြက်သွန်မြိတ်၊ မှုန်လာဥဖြူ တို့ကို သေချာနယ်ပေးပါ။ လက်အိပ် ဝတ်လုပ်ပါသည်။ သခွားသီး ကင်ချီ အနှစ်ကို ရလာပါလိမ့်မယ်။

၇။ ဆားဖြင့်နှပ်ထားသော သခွားသီး များကို ရေဖြင့် ဆေးပါ။ ပြီးလျှင် ရေစင်အောင် ခါပါ။

၈။ နယ်ထား သော အနှစ်များကို သခွားသီးတုံးလေးများဖြင် ဖွဖွလေး နှံ့အောင်နယ်ပေး ပါ။

၉။ လေလုံ သော (Lock & Lock) ဗူးကြီးထဲ သို့ ထည့်ပြီး ရေခဲသေတ္တာ ထဲ သိမ်းထားမည် ဆိုလျှင် လနှင့်ချီ အထားခံပါတယ်။ *(မှတ်ချက်- စားသုံးမည် ဆိုလျှင် သန့်စင်သော ဇွန်းဖြင့်ခတ်သုံးလျှင် ကြာရှည်အထားခံပါတယ်။)
၁၀။ မြန်မြန် စားချင် ရင် တော့ အပြင် နေမပူသော နေရာ မှာ ၂ ရက် (သို့) ၃ ရက် ကြာ ထားပြီးလျှင် Fridge ထဲ မှာ လနဲ့ ချီ ထားပြီး လိုရာ ဟင်း ထဲ ထဲ့ချက် စားသုံး နိုင်ပါသည်။ စားသုံး ခါနီး တခါ စားလေးများလှီး ပြီး စားသုံးနိုင်ပါသည်။

Credit: Syifoodsgarden