ဝက်သားကို ကိုရီးယားစတိုင်သုပ်နည်း နှင့် ထိုင်းစတိုင် သုပ်နည်း နှစ်မျိုး ပြောပြမယ်။ ကိုရီးယားတွေကတော့ ဝက်အသားထက် ဝက်အခေါက်ကြီးပဲ သီးသန့်ပြုတ်ပြီး သုပ်စားကြပါတယ်။
ပါဝင်ပစ္စည်းများ
- ဝက်အသား(သို့)ဝက်အခေါက် – ၂၀၀ ဂရမ်
- သံပုရာရည် – ၂ ဇွန်း (စားပွဲတင်ဇွန်း)
- ငါးငံပြာရည် – ၁ ဇွန်း (စားပွဲတင်ဇွန်း)
- ပျားရည် – ၂ ဇွန်း (စားပွဲတင်ဇွန်း)
- ထိုင်းငရုပ်သီးအနှစ် – ၃ ဇွန်း (လက်ဖက်ရည်ဇွန်း)
- ငရုပ်သီးမှုန့် – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
- ကြက်သွန်ဖြူ – (အနည်းငယ်)
- ငရုပ်သီး – ၃ တောင့်
- ကြက်သွန်မြိတ် – ၂ ပင်
- နံနံပင် – ၃ ပင်
- ကြက်သွန်နီ – ၁ လုံး
- ခရမ်းချဉ်သီး – ၁ လုံး
ပြုလုပ်နည်း
-
- ဝက်သားကို ရေစင်အောင် ဆေးပြီး ဂျင်းအနည်းငယ် ထည့်၍ပြုတ်ပါ။ ဝက်အသားဆိုရင် မိနစ် ၃၀ခန့်၊ ဝက်အခေါက် ဆိုလျှင် ၄၅ မိနစ်ခန့် ရေမြုပ်အောင် ထည့်ပြီး ပြုတ်ရပါတယ်။ ပြုတ်သည့်အခါ ဂျင်းအနည်းငယ် ထည့်ပြီး ပြုတ်ပါက အနံ့ပိုပြီး မွှေးပါတယ်။ ပြုတ်ပြီးပါက ခပ်ပါးပါးအသင့်လှီးထားပါ။
- ပန်းကန်လုံး တစ်ခုထဲသို့ ပါဝင်ပစ္စည်းများကို အချိုးအစား အတိုင်းထည့်ပြီး ဆော့ပြု လုပ်ပါ။ ထိုင်းစတိုင် သုပ်မည်ဆိုပါက ပုံတွင် ပြထားသည့် ထိုင်းငရုပ်သီးအနှစ် (Thai Chilli Paste) ထည့်ပြီး ကိုရီးယား စတိုင် သုပ်မည်ဆိုပါက ပုံတွင်ပြထားသည့် ကိုရီးယား ငရုပ်သီးအနှစ် (Gochujang) ထည့်ပေးပါ။
- ပြီးနောက် ငရုပ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁-ဇွန်း၊ ကြက်သွန်ဖြူ အနည်းငယ် လှီးထည့်ပြီး ရောမွှေ၍ ဆော့ပြုလုပ်ထားပါ။
- ပါဝင်ပစ္စည်းများဖြစ်သည့် (ငရုပ်သီးစိမ်း + ကြက်သွန်မြိတ် + နံနံပင် + ကြက်သွန်နီ + ခရမ်းချဉ်သီး…) တို့ကိုအသင့်လှီးထားပါ။ အဆင်သင့်လှီးထားသည့်ဝက်သား(သို့) ဝက်အခေါက်ကို အသင့်ပြု လုပ်ထားသည့် ဆော့ဖြင့် ရောနှယ်ကာ လှီးထားသည့် အရွက်များ ထည့်ပြီး သုပ်ကာ အရသာရှိစွာ အသင့် စားသုံးနိုင် ပါသည်။ ထိုင်းစတိုင် သုပ်သည်ဆိုပါက အပေါ်တွင် မြေပဲ အနည်းငယ် ဖြူးပြီး အလှဆ င်နိုင်ပါသည်။
- (မှတ်ချက်။ ။ပါဝင်ပစ္စည်းများ အတူတူဖြစ်ပါသည် အဓိက ငရုပ်သီး အနှစ်သာ ကွဲသွားပါသည် မိမိကြိုက်နှစ်သက်သည့် နည်းဖြင့် သုပ်စားနိုင် ပါသည်။)
Credit: ဇွဲသုသု