အားလုံးပဲ မင်္ဂလာပါ။ ကြာဇံကြော် ချစ်သူများအတွက် ဒီတစ်ခါမှာတော့ မှိုနှင့် ဝက်အူချောင်းတို့ထည့်ကာ ရောကြော်ထားတဲ့ ကြာဇံကြော် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြာဇံထုပ် ၁၀၀ ဂရမ် တစ်ထုပ်
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • မှို ၇၅ ဂရမ် (ပါးပါးလှီးထားပါ)
  • ဝက်အူချောင်း ၇၅ ဂရမ် (အနေတော်အတုံး လှီးဖြတ်ထားပါ)
  • ငရုတ်သီး အနီတောင့် ၁ တောင့် (ပါးပါးလှီးထားပါ)

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ထောပတ် ၁၀ ဂရမ်
  • ရေ အနည်းငယ် နှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် အနည်းငယ်
  • ငရုတ်ပွတစ်ခြမ်း (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ရေ အနည်းငယ်ထည့်ပါ။ ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပြီး ပွက်ပွက်ဆူလာအောင် တည်ပါ။ ထို့နောက် ကြာဇံထည့်ကာ စက္ကန့် ၃၀ ခန့် ထည့်ပြုတ်လိုက်ပါ။ ပြုတ်ပြီးရင်တော့ ကြာဇံဖတ်များကို ပန်းကန်လုံးထဲသို့ ဆယ်ယူထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ မှိုထည့်ပြီး စက္ကန့် ၃၀ ခန့်ကြော်ပါ။ ဝက်အူချောင်းနှင့် ငရုတ်သီးထည့်ကာ မွှေကြော်လိုက်ပါ။

၃။ နောက်တစ်ဆင့်ကျရင်တော့ ကြာဇံ၊ ငရုတ်ပွနှင့် ထောပတ်တို့ထည့်ကာ သမအောင် မွှေကြော်ပါ။ လိုအပ်ပါက ရေ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ကာ မွှေကြော်ပါ။

၄။ ထို့နောက် ငရုတ်ပွထည့်ပါ။ အရသာအပေါ့အငန် မြည်းကြည့်ပြီးနောက် ဆားနှင့် ငရုတ်ကောင်းမှုန့် ထည့်ပါ။

မီးဖိုပေါ်က ချခါနီးကျမှ ကြက်သွန်မြိတ်လေး ဖြူးထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ မှိုနှင့် ဝက်အူချောင်း ကြာဇံကြော်လေး ရရှိသွားပါပြီ။

Source: Noobcook.com