Hot Dog ကြိုက်တဲ့သူတွေအတွက် ကိုယ်တိုင်အိမ်မှာ အလွယ်တကူလုပ်စားလို့ရအောင် ဂျုံသုံးစရာမလိုတဲ့ Cheese Potato Hot Dog ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ ကိုရီးယားစာကြိုက်တဲ့သူတွေဆိုလည်း လုပ်စားကြည့်သင့်ပါတယ်။

အာလူး – ၅၅၀ ဂရမ်ကို အတုံးကြီးကြီးတုံးပြီး ပြုတ်ပေးပါ။

Mozzarella Cheese ကိုလည်း ပုံမှာပြထားတဲ့အနေလောက် အတုံးတွေလှီးပေးပါ။

Sausage ကိုလည်း နှစ်ပိုင်းဖြစ်အောင် လှီးပေးပါ။

Hot Dog လုပ်တဲ့ ဒုတ် (သို့) တူအသေးလေးတွေကိုသုံးပြီး လှီးထားတဲ့ Sausage နဲ့ Mozzarella Cheese ကို ထိုးစိုက်ပေးပါ။

ပြုတ်ထားတဲ့အာလူးတွေကို ပန်းကန်လုံးထဲထည့်ပြီး Parmesan Cheese Powder – စားပွဲတင်ဇွန်း ၁ ဇွန်းခွဲစာ၊ ဆား – အနည်းငယ်၊ ငရုပ်ကောင်းမှုန့် – အနည်းငယ်ထည့်ပြီး သမအောင် ကြိတ်ချေပေးပါ။

သမအောင်ချေပြီးနယ်ပြီးရင် ပုံမှာပြထားသလောက် များများလေးယူပြီး လက်နဲ့လုံးပါ။ ပြီးရင် ပြားချပြီး ခုနက ထိုးစိုက်ထားတဲ့ဒုတ်ကို အာလူးထဲထည့်ပြီး လက်နဲ့ပုံသွင်းပေးပါ။

ပန်းကန်ပြားထဲကို ကော်မှုန့်ထည့်ပြီး နောက်ပန်းကန်ထဲမှာ ကြက်ဥခလောက်ထားပါ။ နောက်ထပ်ခွက်ထဲမှာတော့ Bread Crumbs တွေ ထည့်ထားပေးပါ။

ခုနကလုပ်ထားတာတွေကို ကော်မှုန့်ပန်းကန်ထဲထည့်နယ်ပြီး ခလောက်ထားတဲ့ ကြက်ဥအရည်တွေကို လောင်းချပေးပါ။ ပြီးရင်တော့ Bread Crumbs ထည့်ထားတဲ့ခွက်ထဲ ထည့်နယ်ပါ။

နောက်ဆုံးမှာတော့ ဆီအိုးထဲထည့်ပြီး ကြော်လို့ရပါပြီ။

ကြော်ပြီးရင် အပြင်ထုတ်ပြီး ကိုယ်နှစ်သက်ရာ Sauce ဆမ်းပြီး စားသုံးနိုင်ပါပြီ။ ဒါဆိုရင်တော့ Cheese တွေအများကြီးနဲ့ အီစိမ့်ပြီးအရသာရှိနေမယ့် Cheese Potato Hot Dog ကို ရရှိသွားပြီပဲဖြစ်ပါတယ်။