အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ မှို အမဲသားဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၁၅၀ ဂရမ်
  • ရှီတာကီမှို ၄ ပွင့် (သို့) မိမိကြိုက်နှစ်သက်ရာ မှိုအမျိုးအစားကို အသုံးပြုနိုင်ပါတယ်
  • ကြက်သွန်နီ တစ်ခြမ်း
  • မုန်လာဥနီ တစ်ဝက်
  • ကြက်သွန်မြိတ် ၁ ပင်

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း တစ်ဝက်
  • ဆန်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း

အခြားလိုအပ်သော ဟင်းခပ်အမွှေးအကြိုင်များ

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား စားပွဲတင်ဇွန်း တစ်ဝက်
  • ရေ ၁ ခွက်ခွဲ (စားပွဲတင်ဇွန်း ၂၄ ဇွန်း)
  • နှမ်းဆီ စားပွဲတင်ဇွန်းတစ်ဝက်
  • ငရုတ်ကောင်းမှုန့် အနည်းငယ်

  • ပြောင်းမှုန့်အရည် (ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းကို ရေ စားပွဲတင်ဇွန်း ၃ ဇွန်းဖြင့် ရောနှောထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အမဲသားကို ပါးပါးလှီးပြီးနောက် ဇလုံတစ်လုံးထဲထည့်ပါ။ ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ကြက်သွန်ဖြူ စားပွဲတင်ဇွန်းတစ်ဝက်၊ ဆန်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ထည့်ကာ သမအောင် ရောနယ်ပါ။ ထို့နောက် ၅ မိနစ်ခန့် နှပ်ထားပါ။

၂။ ကြက်သွန်နီကို ပါးပါးလှီးပါ။ မုန်လာဥနီကိုလည်း အချောင်းလိုက် ပါးပါးလှီးပါ။ မှိုကိုလည်း ပါးပါးလှီးပါ။

၃။ ဒယ်အိုးထဲသို့ ဆီအနည်းငယ် ထည့်ပြီး အပူပေးပါ။ ဆီပူလာပါက အမဲသားများထည့်ကာ ၅၀ ရာခိုင်နှုန်းခန့် ကျက်သွားသည်အထိ မွှေကြော်ပါ။

၄။ ထို့နောက် ကြက်သွန်နီနှင့် မုန်လာဥနီတို့ထည့်ကြော်ပါ။ ကြက်သွန်နီများ ပျော့သွားပါက မှိုထည့်ကာ စက္ကန့် ၃၀ ခန့် မွှေကြော်ပါ။

၅။ ထို့နောက် မီးအပူချိန်ကို ဖြည်းဖြည်းချင်းလျော့ကာ ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် သကြား စားပွဲတင်ဇွန်းတစ်ဝက်တို့ထည့်ကာ သမအောင် မွှေကြော်ပါ။ ထို့နောက် မီးအပူချိန်ကို ဖြည်းဖြည်းချင်း ပြန်မြှင့်ကာ ရေ ၁ ခွက်ခွဲထည့်ပါ။

၆။ ပွက်ပွက်ဆူလာပြီဆိုရင်တော့ ပြောင်းမှုန့်ထည့်ကာ ပျစ်သွားသည်အထိ မွှေပေးလိုက်ပါ။

၇။ ထို့နောက် မီးပိတ်ကာ နှမ်းဆီ စားပွဲတင်ဇွန်း တစ်ဝက်နှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ မှို အမဲသားဟင်းလျာတစ်ခွက် ရရှိသွားပါပြီ။

Source: Futuredish.com