အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ကိုရီးယားဟင်းလျာ နှစ်သက်သူများအတွက် ပဲပင်ပေါက် ဟင်းနုနွယ် အမဲသားရောကြော် ပြုလုပ်ပြင်ဆင်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၁၂ အောင်စ (ပါးပါးလှီးထားပါ)
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးဆော့စ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ပဲပင်ပေါက် အနည်းငယ်
  • ဟင်းနုနွယ် အနည်းငယ်

  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း၊ နှမ်းစေ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပါးပါးလှီးထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆန်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်သီး ၅ တောင့် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် အမဲသားများကို ပြောင်းမှုန့်၊ ငရုတ်သီးဆော့စ်တို့ဖြင့် သမအောင် နယ်ပြီးနောက် မိနစ် ၃၀ ခန့် နှပ်ထားပါ။

၂။ အိုးအသေးတစ်လုံးထဲတွင် ပဲပင်ပေါင်များထည့်ပြီးနောက် ရေ အနည်းငယ်ထည့်ကာ နူးအိသွားသည်အထိ ပြုတ်ပါ။ ထို့နောက် ပန်းကန်လုံးထဲသို့ ဆယ်ထည့်ထားပါ။ ထိုအိုးထဲတွင်ပင် ဟင်းနုနွယ်ရွက်များထည့်ပြီး ၁ မိနစ်ခန့်ပြုတ်ပါ။

၃။ ဒယ်အိုးတစ်လုံးကို အပူပေးကာ ဆီအနည်းငယ်ထည့်ပါ။ ထို့နောက် အမဲသားများထည့်ကာ ၅ မိနစ်ခန့်ကြော်ပါ။ ထို့နောက် ပန်းကန်ထဲသို့ ပြောင်းထည့်ထားပါ။

၄။ ထိုဒယ်အိုးထဲသို့ပင် နှမ်းဆီ ထည့်ပြီးနောက် ကြက်သွန်ဖြူ၊ ဂျင်းနှင့် ငရုတ်သီးတို့ ထည့်ကာ ၂ မိနစ်ခန့်ဆီသတ်ပါ။ ထို့နောက် ဆန်ဝိုင်ထည့်ကာ ဆူပွက်လာသည်အထိ တည်ပါ။ ပြီးရင်တော့ မီးပိတ်လိုက်ပါ။

၅။ ထိုဒယ်အိုးထဲသို့ ပဲပင်ပေါက်၊ ဟင်းနုနွယ်နှင့် အမဲသားတို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ အရသာအပေါ့အငန်မြည်းကြည့်ပြီးနောက်မှာတော့ နှမ်းစေ့များ ဖြူးထည့်လိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကိုရီးယားစတိုင်လ် အမဲသား ပဲပင်ပေါက် ဟင်းနုနွယ်ရောကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Airfrywithme.com