အားလုံးပဲ မင်္ဂလာပါ။ ထမင်းစားတဲ့အခါ ငါးပိရည်တို့စရာလေးပါမှ စားမြိန်သူများအတွက် ဒီတစ်ခါမှာတော့ တို့စရာအရန်ဟင်းအဖြစ် စားသုံးနိုင်တဲ့ ကိုရီးယားစတိုင်လ် သခွားသီးသုပ်စပ်စပ်လေး ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
  • ရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၁ မြွှာ (ပါးပါးလှီးထားပါ)
  • ဆားနှင့် သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်စီ

  • သခွားသီး ၂ လုံး (ပါးပါးလှီးထားပါ)
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • နှမ်းစေ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဇလုံအကြီးတစ်လုံးထဲတွင် သခွားသီးနှင့် ကြက်သွန်မြိတ်များကို အဆင်သင့်ထည့်ထားလိုက်ပါ။

၂။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ရှာလကာရည်၊ ပဲငံပြာရည်နှင့် ကြက်သွန်ဖြူတို့ထည့်ကာ သမအောင် မွှေလိုက်ပါ။ သကြားနှင့် ဆားတို့ ထပ်ထည့်ပြီး သကြားများ ပျော်သွားသည်အထိ မွှေပေးလိုက်ပါ။

၃။ ရရှိလာတဲ့ ထိုရှာလကာရည်အရောအနှောများကို စောစောက သခွားသီးပေါ်သို့ လောင်းချလိုက်ပါ။

၄။ ငရုတ်သီးမှုန့်နှင့် နှမ်းစေ့တို့ ဖြူးထည့်ကာ သမသွားအောင် ထပ်မွှေပေးလိုက်ပါ။ ထို့နောက် အရသာ အပေါ့အငန်မြည်းကြည့်လိုက်ပါ။

အစပ်အဟပ်တည့်သွားပြီဆိုရင်တော့ အရသာရှိတဲ့ သခွားသီးသုပ် စပ်စပ်လေး ရရှိသွားပါပြီ။

Source: Pickledplum.com