ဖက်ထုပ်ပြုလုပ်တတ်တယ်ဆိုရင်ပဲ ဖက်ထုပ်ပေါင်း စားချင်တာလား။ ဒါမှမဟုတ် ဖက်ထုပ်ပြုတ်ပဲဖြစ်ဖြစ်၊ ဖက်ထုပ်ကြော်ပဲဖြစ်ဖြစ် မျိုးစုံ လုပ်စားနိုင်ပါတယ်။ ဒါဆိုရင် ဖက်ထုပ်ဘယ်လို ထုပ်ရမလဲဆိုတာကို အတူတူ ဆက်လေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ဝက်သား (သို့) အမဲသား ၁ ပေါင် (နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • မုန်ညှင်းရွက် (နုပ်နုပ်စဉ်းထားပါ)
  • ပဲပြား ၁ တုံး (အနေတော်အတုံး တုံးထားပါ)
  • ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)

  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဖက်ထုပ်လိပ်ရန် ဂျုံပြား ၁ ထုပ်
  • ကြာဇံဖတ် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ဝက်သား (သို့) အမဲသား ထည့်ပါ။ ကြက်သွန်ဖြူ၊ မုန်ညှင်းရွက်၊ ပဲပြားနှင့် ကြာဇံတို့ထည့်ကာ သမအောင် နယ်ဖတထားလိုက်ပါ။

၂။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ကြက်သွန်ဖြူ၊ နှမ်းဆီ၊ ပဲငံပြာရည်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် ရောမွှေထားလိုက်ပါ။

၃။ ထို့နောက် စောစောက အမဲသား ပန်းကန်လုံးထဲသို့ ကြက်သွန်ချဉ်များ လောင်းထည့်ကာ သမအောင် ထပ်နယ်ပေးလိုက်ပါ။

၄။ ဖက်ထုပ်ဂျုံပြား၏ အလယ်ဗဟိုတည့်တည့်တွင် နယ်ထားသော အသားများကို စားပွဲတင်ဇွန်း တစ်ဇွန်းခန့် ထည့်ပေးလိုက်ပါ။

၅။ လက်ညှိုးကို ရေဆွတ်ပြီး ဂျုံပြားဘေးပတ်ပတ်လည်တွင် သုတ်ပေးလိုက်ပါ။

၆။ ထို့နောက် ဂျုံပြားကို ထက်ဝက်ချိုးပြီး လခြမ်းပုံသဏ္ဍာန် လိပ်ပေးလိုက်ပါ။ ထို့နောက် အနားသတ်ကို လေမဝင်အောင် အထပ်အထပ်လေး ချိုးပေးလိုက်ပါ။ အစာသွပ်နှင့် ဂျုံပြားများ ကုန်သွားသည်အထိ ပြုလုပ်ပေးလိုက်ပါ။

၇။ ရရှိလာတဲ့ ဖက်ထုပ်ကို ဖက်ထုပ်ကြော် လုပ်စားလို့လည်း ရသလို ဖက်ထုပ်ပေါင်း လုပ်စားလို့လည်း ရပါတယ်။

ရရှိလာတဲ့ ဖက်ထုပ်ပေါင်း၊ ဖက်ထုပ်ပြုတ် (သို့) ဖက်ထုပ်ကြော်ကို မိမိနှစ်သက်ရာအချဉ်ရည်ဖြင့် အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Thespruceeats.com