အားလုံးပဲ မင်္ဂလာပါ။ ပရိုတင်းဓာတ်ပြည့်ဝပြီး ကြွက်သားများ သန်မာစေတဲ့ ကြက်ဥကို မျက်စိအားကောင်းစေတဲ့ မုန်လာဥနီနဲ့ ရောကြော်မယ်ဆိုရင် ခံစားရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက မရေမတွက်နိုင်အောင် များပြားပါတယ်။

ဒါ့ကြောင့် ရိုးရိုးကြက်ဥကြော် ကြော်စားမယ့်အစား ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ မုန်လာဥနီ ကြက်ဥလိပ်လုပ်စားနိုင်ဖို့အတွက် ဝေမျှပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၃ လုံး
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • နုပ်နုပ်စဉ်းထားသော မုန်လာဥနီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ဟင်းသီးဟင်းရွက်ဆီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ဥများကို ပန်းကန်လုံးတစ်လုံးထဲသို့ ဖောက်ထည့်ပြီးနောက် ဆားနှင့် ငရုတ်ကောင်းမှုန့်ထည့်ကာ သမအောင် မွှေခလောက်ထားပါ။

၂။ ကြက်ဥမွှေခလောက်ပြီးမှ နုပ်နုပ်စဉ်းထားသော မုန်လာဥနီနှင့် ကြက်သွန်မြိတ်တို့ထည့်ကာ ထပ်မံမွှေခလောက်ပေးလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဟင်းသီးဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက မွှေခလောက်ထားသော ကြက်ဥ တစ်ဝက်ခန့်ထည့်ကာ ဒယ်အိုးကို ပတ်ချာလည်လှည့်ကာ ကြော်ပေးလိုက်ပါ။

၄။ ကြက်ဥအောက်ခြေက မကျက်တကျက်ဖြစ်သွားတဲ့အချိန်မှာ ကြက်ဥအနားသားတစ်ဖက်ကို လိပ်ပေးလိုက်ကာ လိပ်ထားသော ကြက်ဥဘက်အခြမ်းသို့ ဆွဲယူကာ ကျန်တစ်ဖက်ခြမ်းကိုတော့ ကျန်ရှိနေသော ကြက်ဥအရောအနှောကို လောင်းထည့်ကာ ဒယ်အိုးကိုလှည့်ပြီး ကြော်ပေးလိုက်ပါ။

၅။ ထို့နောက် ကြက်ဥကို ဖြည်းညှင်းစွာ လိပ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ကိုရီးယားစတိုင်လ် ကြက်ဥလိပ်လေး ရရှိသွားပါပြီ။

မီးဖိုပေါ်ကချကာ အအေးခံပြီးတဲ့နောက်မှာတော့ အရွယ်အစားတူအောင် လှီးဖြတ်ထားလိုက်လို့ရပါပြီ။ ရရှိလာတဲ့ ကြက်ဥလိပ်ကို သူ့ချည်းပဲ စားရင်လည်း အရသာရှိသလို ထမင်းနဲ့အတူတူ ရောစားမယ်ဆိုလည်း အင်မတန်မှ အရသာရှိပါတယ်။

Source: Koreanbapsang.com