အားလုံးပဲ မင်္ဂလာပါ။ ထမင်းကြော်ကြိုက်နှစ်သက်သူများအတွက် ကင်ချီအရသာနဲ့ ကြော်ထားတဲ့ ချဉ်စပ်ထမင်းကြော် ကြော်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြော်ရန် ဆီ
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ပါးပါးလှီးထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်းစာ
  • ထမင်း ပန်းကန်လုံး ၃ လုံးစာ
  • ပဲလုံးစိမ်းနှင့် မုန်လာဥနီ ပန်းကန်လုံးအသေး ၂ လုံးစာ

  • ကင်ချီ စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်ဥ ၃ လုံး ( ၂ လုံးကို မွှေခလောက်ထားပါ။ ကျန်တစ်လုံးကို ကြက်ဥ Half-Fried ကြော်ထားပါ)
  • ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • နှမ်းဆီနှင့် နှမ်းစေ့ အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူနှင့် ဂျင်းတို့ထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။

၂။ ထို့နောက် ထမင်း၊ ပဲလုံးစိမ်း၊ မုန်လာဥနီ၊ ကင်ချီနှင့် ပဲငံပြာရည်တို့ထည့်ကာ မိနစ်အနည်းငယ်ကြာ မွှေကြော်ပေးလိုက်ပါ။

၃။ ထို့နောက် ထမင်းကြော်ကို အလယ်တည့်တည့်တွင် ရေတွင်းပုံသဏ္ဍာန် ပြုလုပ်ကာ ထိုလစ်ဟာနေသော အလယ်တည့်တည့်တွင် ြမွှေခလောက်ထားသော ကြက်ဥများ လောင်းထည့်လိုက်ပါ။ ထို့နောက် မိနစ်အနည်းငယ်ကြာ သမအောင် မွှေကြော်ပေးလိုက်ပါ။

၄။ အရသာအပေါ့အငန်မြည်းကြည့်ပြီးနောက်မှာတော့ လိုအပ်ပါက ပဲငံပြာရည်အနည်းငယ် ထပ်ထည့်နိုင်ပါတယ်။

အားလုံးကြော်ပြီးသွားတဲ့အခါမှာတော့ ပန်းကန်ပြားထဲ ပြောင်းထည့်ကာ ကြက်ဥ Half-Fried နဲ့ အရသာရှိရှိ တွဲဖက်စားသုံးနိုင်ပါပြီ။ ငရုတ်သီးဆော့စ်၊ နှမ်းဆီ၊ နှမ်းစေ့အနည်းငယ် ဖြူးထည့်ကာ အလှဆင်နိုင်သလို ကြက်သွန်မြိတ် ကြိုက်နှစ်သက်ပါကလည်း ကြက်သွန်မြိတ်များ ဖြူးထည့်ပေးနိုင်ပါတယ်။

Source: Pinchofyum.com