အားလုံးပဲ မင်္ဂလာပါ။ သရက်သီးသနပ်၊ သခွားသီးသနပ် စတဲ့ သနပ်ချဉ်လေးတွေကို မိမိဘာသာ အိမ်မှာပဲ စိမ်စားချင်တဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ ကိုရီးယားဟင်းချက်နည်း အသုံးပြုပြီး သခွားသီးသနပ်ပြုလုပ်မှာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သခွားသီး ၁၀ လုံးမှ ၁၂ လုံးခန့်
  • ရေ ၂ လီတာခွဲ
  • ဆား ၇ အောင်စ

ပြုလုပ်နည်း

၁။ သခွားသီးများကို ရေစင်အောင်ဆေးပြီး သန့်စင်တဲ့အဝတ်စနဲ့ ခြောက်အောင် သုတ်ထားလိုက်ပါ။ အိုးတစ်လုံးထဲတွင် ဆားနဲ့ ရေတို့ထည့်ပြီး ၃ မိနစ် ၄ မိနစ်ခန့် ဆူပွက်အောင် တည်ထားလိုက်ပါ။

၂။ သခွားသီးများကို အပူဒဏ်ခံနိုင်တဲ့ ထည့်ခွက်ထဲထည့်ထားပြီး ပွက်ပွက်ဆူနေသော ဆားရေများကို လောင်းထည့်လိုက်ပါ။ သခွားသီးများအားလုံး ရေထဲနှစ်မြှုပ်နေဖို့ရန်အတွက် လေးတဲ့ပန်းကန်ပြားနဲ့ ဖိထားလိုက်ပါ။ ဆားရေများ အေးသွားပါက ပန်းကန်ပြားထုတ်လိုက်ပြီး အဖုံးဖုံးထားလိုက်ပါ။

၃။ ၂ ရက်၊ ၃ ရက်ခန့်ကြာပါက ဆားရေကို မိနစ်အနည်းငယ် အပူပေးလိုက်ပါ။ အအေးခံပြီးတဲ့နောက်မှာ သခွားသီးထည့်ခွက်ထဲ ပြန်ထည့်ပြီး အဖုံးဖုံးပါ ၅ ရက်၊ ၇ ရက်ခန့် အခန်းအပူချိန်ထဲမှာ ထားထားရပါမယ်။ ပြီးမှ ရေခဲသေတ္တာထဲထည့်ပါ။

၄။ စားခါနီးကျမှ သခွားသီးကို အနေတော်လှီးဖြတ်ပြီး သန့်စင်တဲ့ရေထဲ စိမ်ထားလိုက်ပါ။ ပြီးမှ အသား၊ ငါးနဲ့ တို့စားတာပဲဖြစ်ဖြစ် အရသာရှိရှိ သုံးဆောင်နိုင်ပါတယ်။

Source: koreanbapsang.com