အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါ ဝေမျှပေးမယ့် အာလူးဟင်း ချက်နည်းကတော့ နှမ်းကပ် အာလူးအချိုချက် ချက်နည်းပဲဖြစ်ပါတယ်။ ချိုချိုလေးနဲ့ စားလို့ကောင်းတဲ့အတွက်ကြောင့် ဟင်းစားအဖြစ် မစားချင်ဘူး သွားရေစာမုန့်အဖြစ် စားသုံးချင်တယ်ဆိုလည်း စားသုံးနိုင်တဲ့ အစားအစာလေးပဲဖြစ်ပါတယ်။

ချက်ပြုတ်နည်းကလည်း (၃) ဆင့်တည်းရှိတာကြောင့် အလုပ်ရှုပ်မခံချင်တဲ့ အိမ်ရှင်မတွေအတွက်တော့ အဆင်ပြေစေမှာ အမှန်ပါပဲ။

ပါဝင်ပစ္စည်းများ

  • ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • အာလူး အလုံးသေး ၁ ပေါင်ခန့် (ထက်ခြမ်း ခြမ်းထားပါ)
  • ရေ ၂၅၀ မီလီလီတာ
  • ပဲငံပြာရည် ၅ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၄ ဇွန်း

Source: Fifteenspatulas.com

  • နှမ်းစေ့ အနည်းငယ်

(အာလူးက အလုံးသေးကို သုံးထားတဲ့အတွက်ကြောင့် အခွံမခွာတော့ဘဲ တန်းချက်ထားပါတယ်။ စာဖတ်သူအနေနဲ့ မိမိအကြိုက်ပေါ် မူတည်ပြီး အခွံခွာလိုပါက ခွာနိုင်ပါတယ်။)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီးနောက် ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းခွဲထည့်ပါ။ ဆီပူလာပါက အာလူးထည့်ပြီး ၅ မိနစ်ခန့်ကြော်ပေးလိုက်ပါ။

၂။ အာလူးအနားသားများက ရွှေညိုရောင် ပြောင်းသွားပါက ရေ၊ ပဲငံပြာရည်နှင့် ပျားရည်တို့ထည့်ကာ သမအောင် မွှေလိုက်ပါ။ ထို့နောက် ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် တည်ထားလိုက်ပါ။ ထိုအချိန်မှာ မကြာခဏမွှေပေးဖို့လည်းလိုပါတယ်။

၃။ အာလူးအရည်က ပွက်ပွက်ဆူလာပြီဆိုရင်တော့ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။ အရသာအစပ်အဟပ်တည့်သွားပြီဆိုရင်တော့ မီးပိတ်ပြီးနောက် နှမ်းစေ့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

ထို့နောက် ပန်းကန်ပြားထဲထည့်ကာ ထမင်းနဲ့အတူတူ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source : Seonkyounglongest.com