အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ထမင်းစားတဲ့အချိန်မှာ ထမင်းပိုမြိန်စေမယ့် အမဲသား မုန်လာဟင်းရည် ပြုလုပ်နည်းလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မုန်လာဥဖြူ ၁၂ အောင်စ
  • ကြက်သွန်မြိတ် ၂ ပင်
  • အမဲသား ၆ အောင်စ (အတုံးခပ်သေးသေး လှီးထားပါ)
  • နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အမဲသားကို အတုံးခပ်သေးသေးတုံးပြီးနောက် ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ငရုတ်ကောင်းမှုန့်အနည်းငယ်၊ နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ဖြင့် သမအောင် ရောနယ်ထားလိုက်ပါ။

၂။ မုန်လာဥဖြူကို လေးထောင့်အတုံးငယ် ပါးပါးလှီးထားပါ။ ကြက်သွန်မြိတ်ကိုလည်း ပါးပါးလှီးထားပါ။

၃။ ဒယ်အိုးကို အပူပေးပြီး အမဲသားထည့်ကာ အညိုရောင်ပြောင်းသွားသည်အထိ မွှေပေးလိုက်ပါ။ ရေ ၂ လီတာထည့်ကာ ပွက်ပွက်ဆူလာသည်အထိ တည်ထားလိုက်ပါ။

၄။ ဟင်းရည်က ပွက်ပွက်ဆူလာပါက မုန်လာဥဖြူထည့်ပြီးနောက် ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် တည်ထားလိုကပါ။ ကျန်ရှိသော ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်နှင့် ပဲငံပြာရည်တို့ထည့်ပြီး ဇွန်းဖြင့် မွှေပေးလိုက်ပါ။

ဆားနှင့် ငရုတ်ကောင်းထည့်ပြီး အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။ နောက်ထပ် ၅ မိနစ်ခန့် ပွက်ပွက်ဆူလာအောင် တည်ပြီးတဲ့နောက်မှာတော့ အရသာရှီတဲ့ အမဲသား မုန်လာဥဟင်းရည်လေး ရရှိသွားပါပြီ။

ထမင်းနဲ့အတူတူ အရသာရှိရှိတွဲဖက်စားသုံးနိုင်ပါပြီ။

Source: Koreanbapsang.com