ဒီ Soup လေးက ကိုရီးယား တွေ နှစ်သစ်ကူးတိုင်း သောက်သုံးလေ့ ရှိကြပါတယ် ။ အရမ်းလွယ်ပြီး ရယ်ရီမိတ် အထုပ်တွေ လိုတာ ဝယ်လို့ရပါတယ် ။ ပြုလုပ်ပုံလေး ပြောပြမယ်နော် ။
ပါဝင်ပစ္စည်းများ
- Rice Cake (ရယ်ရီမိတ်အထုပ်ပုံပြထားပါတယ်)
- Dumpling (ရယ်ရီမိတ်အထုပ် ပုံပြထားပါတယ်)
- အမဲသား (အနည်းငယ်)
- ငါးငံပြာရည်
- ဆား
- ကြက်သွန်မြိတ်
- ကြက်သွန်ဖြူ
- ကြက်ဥ
- ရေညှိ
- ငရုပ်ကောင်းမှုန့်
ပြင်ဆင်ပြုလုပ်နည်း
- ကြက်ဥ ၂ လုံးကို အလည်က အနှစ် အဝါကြီးပဲ ခွဲထုတ်ပြီး ပန်းကန် တစ်ခုထဲ ထည့်ထားပါ ။ အဖြူရောင် အကာအရည်ကို အခြား ပန်းကန်ထဲ သက်သက် ခွဲထားပါ ။
- အဝါရောင်အနှစ် ၂-ခုကို ဆား အနည်းငယ်မျှ ထည့်ခေါက်ပြီး ဒယ်အိုးကို ဆီ အနည်းငယ် သုတ်၍ အချပ်လိုက်(အဝိုင်းလိုက်)ကြော်ပြီး ပါးပါးလှီးထားပါ ။
- အမဲသား အသားကြီးပဲကို အသေးလေး တွေလှီးပါ ။ ဒယ်အိုးထဲသို့ရေထည့်ပြီး လှီးထားသော အမဲသားတွေ ထည့်ပြုပ်ပါ ။
- ကြက်သွန်ဖြူ သုံးမွှာခန့် နုပ်နုပ်စဉ်းပြီး ဟင်းရည်ထဲ ထည့်ပါ ။ အပေါ်သို့ တက်လာသော အဆီနှင့် အညှိများကို ခပ်ထုတ်ပေးပါ ။ စွတ်အရောင်ကို ကြည်နေပါစေ ။
- အသားနူးလာလျှင် ငါးငံပြာရည်နှင့် ဆား အနည်းငယ်ထည့်ပါ ။
- ထို့နောက် Rice Cake ကို အရင်ထည့်ပါ ။ ပြီးနောက် Dumpling ကိုထည့်ပါ ။ (Dumpling) က အရမ်းနူး လွယ်သောကြောင့် နောက်မှ ထည့်ခြင်း ဖြစ်ပါသည်။)
- ထို့နောက် အရသာ မြည်းပြီး သက်သက် ဖယ်ထားသော ကြက်ဥ အကာအရည်များ ထည့်ပြီး ဖြေးညှင်းစွာ မွှေပေးပါ။ ငရုပ်ကောင်းမှုန့် အနည်းငယ် ထည့်ပါ ။ မီးကို အနည်းဆုံး လျှော့ထားပါ ။
- ပန်းကန် ထဲသို့ Rice Cake & Dumpling စွတ်အရည် ထည့်ပြီး ပါးပါး လှီးထားသော ကြက်ဥ အနှစ်ကြော် အဝါရောင်လေးတွေ အပေါ်က တင်ပါ ။ ကြက်သွန်မြိတ် လေးအပေါ်မှဖြူးပြီး ရေညှိလေးပါ အပေါ်က တင်ပါ ။(ရေညှိထုပ် ရယ်ရီမိတ် ဝယ်လို့ရပါတယ် ။) အသင့် သာက်သုံးနို င် ပါသည် ။ကိုရီးယား လူမျိုးတွေ နှစ်သစ်ကူးချိန်တိုင်း ပြုလုပ်၍ သောက်သုံးကြပါသည် ။ မနက်ပိုင်း Breakfast အဖြစ်လည်း သောက်သုံးနိုင် ပါသည် ။
Credit: ဇွဲသုသု