ဒီ Soup လေးက ကိုရီးယား တွေ နှစ်သစ်ကူးတိုင်း သောက်သုံးလေ့ ရှိကြပါတယ် ။   အရမ်းလွယ်ပြီး ရယ်ရီမိတ် အထုပ်တွေ လိုတာ ဝယ်လို့ရပါတယ် ။   ပြုလုပ်ပုံလေး ပြောပြမယ်နော် ။

ပါဝင်ပစ္စည်းများ

  • Rice Cake (ရယ်ရီမိတ်အထုပ်ပုံပြထားပါတယ်)
  • Dumpling (ရယ်ရီမိတ်အထုပ် ပုံပြထားပါတယ်)
  • အမဲသား (အနည်းငယ်)
  • ငါးငံပြာရည်
  • ဆား
  • ကြက်သွန်မြိတ်
  • ကြက်သွန်ဖြူ
  • ကြက်ဥ
  • ရေညှိ
  • ငရုပ်ကောင်းမှုန့်

ပြင်ဆင်ပြုလုပ်နည်း

  1. ကြက်ဥ ၂ လုံးကို အလည်က အနှစ် အဝါကြီးပဲ ခွဲထုတ်ပြီး ပန်းကန် တစ်ခုထဲ ထည့်ထားပါ ။  အဖြူရောင် အကာအရည်ကို အခြား ပန်းကန်ထဲ သက်သက် ခွဲထားပါ ။
  2. အဝါရောင်အနှစ် ၂-ခုကို ဆား အနည်းငယ်မျှ ထည့်ခေါက်ပြီး ဒယ်အိုးကို ဆီ အနည်းငယ် သုတ်၍ အချပ်လိုက်(အဝိုင်းလိုက်)ကြော်ပြီး ပါးပါးလှီးထားပါ ။
  3. အမဲသား အသားကြီးပဲကို အသေးလေး တွေလှီးပါ ။   ဒယ်အိုးထဲသို့ရေထည့်ပြီး လှီးထားသော အမဲသားတွေ ထည့်ပြုပ်ပါ ။
  4. ကြက်သွန်ဖြူ သုံးမွှာခန့် နုပ်နုပ်စဉ်းပြီး ဟင်းရည်ထဲ ထည့်ပါ ။  အပေါ်သို့ တက်လာသော အဆီနှင့် အညှိများကို ခပ်ထုတ်ပေးပါ ။    စွတ်အရောင်ကို ကြည်နေပါစေ ။
  5. အသားနူးလာလျှင် ငါးငံပြာရည်နှင့် ဆား အနည်းငယ်ထည့်ပါ ။
  6. ထို့နောက် Rice Cake ကို အရင်ထည့်ပါ ။   ပြီးနောက် Dumpling ကိုထည့်ပါ ။ (Dumpling) က အရမ်းနူး လွယ်သောကြောင့် နောက်မှ ထည့်ခြင်း ဖြစ်ပါသည်။)
  7. ထို့နောက် အရသာ မြည်းပြီး သက်သက် ဖယ်ထားသော ကြက်ဥ အကာအရည်များ ထည့်ပြီး ဖြေးညှင်းစွာ မွှေပေးပါ။ ငရုပ်ကောင်းမှုန့် အနည်းငယ် ထည့်ပါ ။   မီးကို အနည်းဆုံး လျှော့ထားပါ ။
  8. ပန်းကန် ထဲသို့ Rice Cake & Dumpling စွတ်အရည် ထည့်ပြီး ပါးပါး လှီးထားသော ကြက်ဥ အနှစ်ကြော် အဝါရောင်လေးတွေ အပေါ်က တင်ပါ ။   ကြက်သွန်မြိတ် လေးအပေါ်မှဖြူးပြီး ရေညှိလေးပါ အပေါ်က တင်ပါ ။(ရေညှိထုပ် ရယ်ရီမိတ် ဝယ်လို့ရပါတယ် ။) အသင့် သာက်သုံးနို င် ပါသည် ။ကိုရီးယား လူမျိုးတွေ နှစ်သစ်ကူးချိန်တိုင်း ပြုလုပ်၍ သောက်သုံးကြပါသည် ။ မနက်ပိုင်း Breakfast အဖြစ်လည်း သောက်သုံးနိုင် ပါသည် ။

Credit: ဇွဲသုသု