အားလုံးပဲ မင်္ဂလာပါ။ ဈေးသွား ချက်ပြုတ်ဖို့ အချိန်မရလို့ ကြက်ဥကြော်နဲ့ နှစ်ပါးသွားနေရတဲ့ ရက်တွေ များနေပြီလား။ ကြက်ဥကြော်ချည်းပဲ စားရလို့ ငြီးငွေ့နေပြီဆိုရင် ပုံမှန်ကြော်နေကျနဲ့ မတူဘဲ ပင်လယ်ရေညှိပြားနဲ့ ကြော်ကြည့်လိုက်ရအောင်။

ပုံမှန်ကြော်နေကျ ကြက်ဥထက် အဆင့် တစ်ဆင့်ပဲ ပိုသွားမှာဖြစ်လို့ အားလုံးပဲ အလွယ်တကူလိုက်လုပ်နိုင်ကြမှာပါ။

ပါဝင်ပစ္စည်းများ

  • ထောပတ် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ကြက်ဥ ၃ လုံး
  • ရေညှိ တစ်ပြား
  • ဆား အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံး တစ်လုံးထဲတွင် ကြက်ဥ သုံးလုံးကို ဆားထည့်ပြီး မွှေခလောက်ထားလိုက်ပါ။

၂။ ဒယ်အိုးကို ထောပတ်သုတ်ထားလိုက်ပါ။

၃။ ထို့နောက် ဒယ်အိုးထဲသို့ ကြက်ဥများကို လောင်းထည့်လိုက်ပါ။ ပြီးမှ မီးအပူချိန်ကို ဖြည်းဖြည်းချင်း မြှင့်တင်ပေးလိုက်ပါ။

၄။ ကြက်ဥကြော်က မကျက်တကျက်အချိန်မှာ ရေညှိပြားကို ကြည်ဥပေါ် တင်ထားလိုက်ပါ။

၅။ ဇွန်းအပြားအကြီး တစ်ချောင်းဖြင့် ကြက်ဥကြော်ကို လိပ်လိုက်ပါ။ ကြက်ဥကြော် လိပ်ပြီးတဲ့နောက်မှာ မီးပိတ်လိုက်ပါ။

၆။ ကြက်ဥကြော်ကို အအေးခံပြီးတဲ့နောက်မှာ ဓားဖြင့် အညီအမျှ လှီးဖြတ်လိုက်ပါ။

ဒါဆိုရင်တော့ ရေညှိ ကြက်ဥလိပ်လေး ရရှိသွားပါပြီ။ ကြက်ဥပေါ်သို့ ဆော့စ်လေး ဆမ်းပြီး အရသာရှိရှိ စားသုံးနိုင်သလို။ ကြက်သွန်မြိတ်၊ ငရုတ်ကောင်းမှုန့်တို့ ဖြူးပြီးလည်း စားသုံးနိုင်ပါတယ်။

Source: Kitchenbowl.com