အားလုံးပဲ မင်္ဂလာပါ။ အာဟာရပြည့်ဝပြီး ကျန်းမာနေဖို့အတွက် ထမင်း သုံးနပ် စားသုံးတဲ့အခါ အသားဟင်းလျာများကလည်း အဓိကဟင်းလျာအဖြစ် အရေးကြီးသလို အရံဟင်းလျာတွေဖြစ်တဲ့ ဟင်းသီးဟင်းရွက်ကြော်များကလည်း အင်မတန်အရေးပါပါတယ်။

ဒီတစ်ခေါက်မှာတော့ ၁၀ မိနစ်တည်း အချိန်ပေးရုံနဲ့ လျင်မြန်စွာကြော်ချက်နိုင်မယ့် မှိုကြော်အရံဟင်လျာ ချက်ပြုတ်ပြင်ဆင်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ချီတာကီမှိုအကြီး ၄ ပွင့် (ပါးပါးလှီးထားပါ)
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးပါ)
  • ကြက်သွန်ဖြူ ၁ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပြင်းပြင်းပေးပြီး ဆီထည့်ပါ။

၂။ ဆီပူလာပါက မှို၊ နှမ်းဆီ၊ ကြက်သွန်မြိတ်နှင့် ကြက်သွန်ဖြူတို့ထည့်ကာ ၃ မိနစ်၊ ၄ မိနစ်ခန့် မွှေကြော်လိုက်ပါ။

၃။ မှိုများ နူးအိသွားပြီး ဟင်းအရည်အနည်းငယ် ထွက်လာပါက မီးပိတ်လိုက်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်ဖြူးထည့်ပြီး အရသာအပေါ့အငန် မြည်းကြည့်လိုက်ပါ။

ထိုအဆင့် (၃) ဆင့်စလုံး ပြီးသွားပါက အရသာရှိတဲ့ မှိုကြော် အရံဟင်းတစ်ခွက် ရရှိသွားပါပြီ။

ကိုရီးယားထမင်းကြော်၊ ထမင်းသုပ်တို့နဲ့အတူတူ တွဲဖက်စားသုံးပါက အင်မတန်လိုက်ဖက်ပါတယ်။

Source: Drivemehungry.com