အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အာလူးဟင်း ကြိုက်နှစ်သက်သူများအတွက် မုန်လာဥနီ အာလူးနှပ်ဟင်းလျာ ပြင်ဆင်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး ၃ လုံး
  • မုန်လာဥနီ ၂ လုံး
  • ငရုတ်သီးစိမ်း ၃ တောင့်
  • ကြက်သွန်နီ တစ်ခြမ်း
  • ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း၊ သကြား စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ဆန်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် နှမ်းစေ့ လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အာလူးများကို အခွံခွာပြီးနောက် တစ်လက်မပတ်လည် အတုံး လှီးဖြတ်ထားလိုက်ပါ။ မုန်လာဥနီနှင့် ကြက်သွန်နီတို့ကိုလည်း အတုံးခပ်ကြီးကြီး တုံးထားလိုက်ပါ။

၂။ ဆော့စ် ပြုလုပ်ရန်အတက် ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ပဲငံပြာရည်၊ သကြား၊ ဆန်ဝိုင်၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းမှုန့်၊ ရေတို့ထည့်ကာ သမအောင် ရောမွှေထားလိုက်ပါ။

၃။ ထို့နောက် ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက အာလူးများထည့်ကာ ၄ မိနစ်၊ ၅ မိနစ်ခန့် လုံးပေးလိုက်ပါ။

၄။ ထို့နောက် အဆင့် (၂) က ပြုလုပ်ထားသော ဆော့စ်များ လောင်းထည့်ကာ ပွက်ပွက်ဆူလာအာင် တည်ထားလိုက်ပါ။

ဆူလာပြီဆိုရင်တော့ မုန်လာဥများ ထည့်လိုက်ပါ။ ထို့နောက် အဖုံးအုပ်ထားပြီး မီးအပူချိန် လျော့ကာ ၅ မိနစ်၊ ၆ မိနစ်ခန့် တည်ထားလိုက်ပါ။

၅။ ထို့နောက် ငရုတ်သီးစိမ်း၊ ကြက်သွန်နီတို့ထည့်ကာ ဆော့စ်များ ပျစ်သွးာသည်အထိ ၃ မိနစ်ခန့် တည်ထားလိုက်ပါ။

ဆော့စ်များ ခမ်းသွားပြီဆိုရင်တော့ နှမ်းဆီနှင့် နှမ်းစေ့တို့ ဖြူးထည့်ကာ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ မုန်လာဥနီ အာလူးနှပ်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Koreanbapsang.com