(Unicode)
အားလုံးပဲ မင်္ဂလာပါ။ ထမင်းစားတဲ့အခါ ဟင်းရည်သောက်လေးပါမှ ထမင်းစားမြိန်သူများအတွက် ဒီတစ်ခါမှာတော့ ကိုရီးယားစတိုင်လ် ဝက်သား အာလူးဟင်းရည် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဝက်သားပြား ၃ ပြား၊ ၄ ပြားခန့် (အတုံးခပ်ကြီးကြီး တုံးထားပါ)
- အာလူး တစ်လုံး (အခွံခွာပြီး ပါးပါးလှီးထားပါ)
- သခွားသီး တစ်ဝက် (ပါးပါးလှီးထားပါ)
- ကြက်သွန်နီ ၄ စိပ် ၁ စိပ် (ကုဗတုံးငယ်ပုံသဏ္ဍာန် လှီးဖြတ်ထားပါ)
- ဂျင်း ၃ ပြား
- ကိုရီးယား ပဲပိစပ်အနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း
- ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
- ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
- သကြား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
- နှမ်းဆီ အနည်းငယ်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဒယ်အိုးကို အပူပေးပြီး ဝက်သားပြားကို ၃ မိနစ်၊ ၄ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ဝက်သားများ အညိုရောင်ပြောင်းသွားပါက ပန်းကန်ပြားထဲ ပြောင်းထည့်ထားပါ။
၂။ အာလူး၊ ကြက်သွန်နီနှင့် သခွားသီးတို့ကိုလည်း ဆီမထည့်ဘဲ ၄ မိနစ်၊ ၅ မိနစ်ခန့် ကြော်ပေးလိုက်ပါ။
၃။ အာလူးများ နူးအိသွားတဲ့အခါမှာတော့ ဂျင်း၊ ကြက်သွန်ဖြူတို့ထည့်ပြီး သမအောင် မွှေပြီးတဲ့နောက်မှာတော့ ရေ ၂၅၀ မီလီလီတာထည့်ကာ သမအောင် မွှေပေးလိုက်ပါ။
၄။ ရေက ပွက်ပွက်ဆူလာတဲ့အခါမှာတော့ ပဲပိစပ်အနှစ်နှင့် သကြားတို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။
၅။ မီးအပူချိန်ကို လျော့ပြီးတဲ့နောက်မှာတော့ အိုးအဖုံးဖွင့်လျက်သားဖြင့် ၁၀ မိနစ်ခန့် တည်ထားလိုက်ပါ။ မကြာခဏ မွှေပေးဖို့လည်း လိုအပ်ပါတယ်။
၆။ (၁၀) မိနစ်ပြည့်တဲ့အခါမှာတော့ ဝက်သားပြားကြော်ထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့် တည်ပေးလိုက်ပါ။
၇။ ထိုအဆင့်များ အားလုံးပြီးသွားတဲ့အခါမှာတော့ မီးဖိုပေါ်ကချကာ ဟင်းရည်ပန်းကန်လုံးထဲပြောင်းထည့်လိုက်ပါ။
၈။ နှမ်းဆီအနည်းငယ်နှင့် ကြက်သွန်မြိတ်တို့ ဖြူးထည့်ကာ ထမင်းနဲ့အတူတူ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။
Source: Spicetheplate.com
(Zawgyi)
အားလံုးပဲ မဂၤလာပါ။ ထမင္းစားတဲ့အခါ ဟင္းရည္ေသာက္ေလးပါမွ ထမင္းစားၿမိန္သူမ်ားအတြက္ ဒီတစ္ခါမွာေတာ့ ကိုရီးယားစတိုင္လ္ ဝက္သား အာလူးဟင္းရည္ ျပဳလုပ္နည္းကို ေဝမွ်ေပးခ်င္ပါတယ္။
ပါဝင္ပစၥည္းမ်ား
- ဝက္သားျပား ၃ ျပား၊ ၄ ျပားခန္႔ (အတံုးခပ္ႀကီးႀကီး တံုးထားပါ)
- အာလူး တစ္လံုး (အခြံခြာၿပီး ပါးပါးလွီးထားပါ)
- သခြားသီး တစ္ဝက္ (ပါးပါးလွီးထားပါ)
- ၾကက္သြန္နီ ၄ စိပ္ ၁ စိပ္ (ကုဗတံုးငယ္ပံုသ႑ာန္ လွီးျဖတ္ထားပါ)
- ဂ်င္း ၃ ျပား
- ကိုရီးယား ပဲပိစပ္အႏွစ္ စားပြဲတင္ဇြန္း ၂ ဇြန္း
- ၾကက္သြန္ျဖဴ ၂ ျမႊာ (ပါးပါးလွီးထားပါ)
- ၾကက္သြန္ၿမိတ္ ၂ ပင္ (ပါးပါးလွီးထားပါ)
- သၾကား လက္ဖက္ရည္ဇြန္း ၄ ပံု ၁ ပံု
- ႏွမ္းဆီ အနည္းငယ္
ျပဳလုပ္နည္း အဆင့္ဆင့္
၁။ ဒယ္အိုးကို အပူေပးၿပီး ဝက္သားျပားကို ၃ မိနစ္၊ ၄ မိနစ္ခန္႔ ေၾကာ္ေပးလိုက္ပါ။ ဝက္သားမ်ား အညိဳေရာင္ေျပာင္းသြားပါက ပန္းကန္ျပားထဲ ေျပာင္းထည့္ထားပါ။
၂။ အာလူး၊ ၾကက္သြန္နီႏွင့္ သခြားသီးတို႔ကိုလည္း ဆီမထည့္ဘဲ ၄ မိနစ္၊ ၅ မိနစ္ခန္႔ ေၾကာ္ေပးလိုက္ပါ။
၃။ အာလူးမ်ား ႏူးအိသြားတဲ့အခါမွာေတာ့ ဂ်င္း၊ ၾကက္သြန္ျဖဴတို႔ထည့္ၿပီး သမေအာင္ ေမႊၿပီးတဲ့ေနာက္မွာေတာ့ ေရ ၂၅၀ မီလီလီတာထည့္ကာ သမေအာင္ ေမႊေပးလိုက္ပါ။
၄။ ေရက ပြက္ပြက္ဆူလာတဲ့အခါမွာေတာ့ ပဲပိစပ္အႏွစ္ႏွင့္ သၾကားတို႔ထည့္ကာ သမေအာင္ ေမႊေပးလိုက္ပါ။
၅။ မီးအပူခ်ိန္ကို ေလ်ာ့ၿပီးတဲ့ေနာက္မွာေတာ့ အိုးအဖံုးဖြင့္လ်က္သားျဖင့္ ၁၀ မိနစ္ခန္႔ တည္ထားလိုက္ပါ။ မၾကာခဏ ေမႊေပးဖို႔လည္း လိုအပ္ပါတယ္။
၆။ (၁၀) မိနစ္ျပည့္တဲ့အခါမွာေတာ့ ဝက္သားျပားေၾကာ္ထည့္ကာ ၂ မိနစ္၊ ၃ မိနစ္ခန္႔ တည္ေပးလို္က္ပါ။
၇။ ထိုအဆင့္မ်ား အားလံုးၿပီးသြားတဲ့အခါမွာေတာ့ မီးဖိုေပၚကခ်ကာ ဟင္းရည္ပန္းကန္လံုးထဲေျပာင္းထည့္လိုက္ပါ။
၈။ ႏွမ္းဆီအနည္းငယ္ႏွင့္ ၾကက္သြန္ၿမိတ္တို႔ ျဖဴးထည့္ကာ ထမင္းနဲ႔အတူတူ အရသာရွိရွိသံုးေဆာင္ႏို္င္ပါၿပီ။
Source: Spicetheplate.com