အားလုံးပဲ မင်္ဂလာပါ။ ထမင်းစားတဲ့အခါတိုင်း ဟင်းရည်ပူပူနွေးနွေးလေးနဲ့ စပ်စပ်လေးသောက်ပြီး စားမြိန်ချင်သူများအတွက် ဒီတစ်ခါမှာတော့ ကိုရီးယားစတိုင်လ် ပဲပြားဟင်းရည်စပ်စပ်လေး ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ရေ ၁ လီတာ
  • ငရုတ်နှစ် စားပွဲတင်ဇွန်း ၃ ဇွန်းနှင့် ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)
  • ပင်လယ်ရေညှိအနည်းငယ်
  • သခွားသီး ၁ လုံး (ပါးပါးလှီးပြီးနောက် လခြမ်းပုံသဏ္ဍာန် လှီးဖြတ်ထားပါ)

  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • မှိုအနည်းငယ် (ပါးပါးလှီးထားပါ)
  • ကိုရီးယားမုန်လာဥဖြူ ၁ လုံး (ပါးပါးလှီးကာ လခြမ်းပုံသဏ္ဍာန် လှီးဖြတ်ထားပါ)
  • ပဲပြား၁ တုံး (လေးထောင့်အတုံးငယ် တုံးထားပါ)
  • ကြက်သွန်မြိတ် ၄ ပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးကို အလယ်အလတ်မီးအပူချိန်ပေးထားပြီး ရေထည့်ပါ။ ထို့နောက် ငရုတ်နှစ်၊ ကြက်သွန်ဖြူ၊ ပင်လယ်ရေညှိနှင့် ငရုတ်သီးမှုန့်တို့ထည့်ပြီး ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။

၂။ ပွက်ပွက်ဆူလာပါက သခွားသီး၊ ကြက်သွန်နီ၊ မှို၊ မုန်လာဥဖြူနှင့် ပဲပြားတို့ ထည့်ကာ ဆူပွက်လာအောင် ထပ်တည်ထားလိုက်ပါ။

၃။ ဆူလာပါက မီးအပူချိန်ကို လျော့လိုက်ပြီး မီးအေးအေးဖြင့် နောက်ထပ် ၁၅ မိနစ်ခန့် ထပ်တည်ထားလိုက်ပါ။ ဒါမှ ဟင်းသီးဟင်းရွက်တွေက နူးအိသွားမှာပဲဖြစ်ပါတယ်။

၄။ ထို့နောက် အရသာအပေါ့အငန်မြည်းကြည့်ကာ လိုအပ်ပါက ဆားနှင့် ငရုတ်ကောင်းမှုန့် (သို့) အစပ်ကြိုက်ပါကလည်း အစပ်ထပ်ထည့်နိုင်ပါတယ်။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကိုရီးယားစတိုင်လ် ပဲပြားဟင်းရည်စပ်စပ်လေး ရရှိသွားပါပြီ။ ထမင်းနဲ့အတူတူ ပူပူနွေးနွေး အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Pickledplum.com