အားလုံးပဲ မင်္ဂလာပါ။ ဟင်းရွက်သုပ် ကြိုက်နှစ်သက်တဲ့ အစားအစာချစ်သူများအတွက် ဒီတစ်ခါမှာတော့ အရံဟင်းလျာတစ်မျိုးဖြစ်တဲ့ ပဲပင်ပေါက် အချိုသုပ် ပြုလုပ်ပြင်ဆင်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲပင်ပေါက် ပန်းကန်လုံး ၅ လုံးစာ
  • ရေ စားပွဲတင်ဇွန်း ၈ ဇွန်း
  • နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)

  • ဆား အနည်းငယ်
  • နှမ်းစေ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပဲပင်ပေါက်များကို ရေဖြင့် စင်ကြယ်အောင် ဆေးကြောထားပါ။

ထိုပဲပင်ပေါက်များကို အိုးတစ်လုံးထဲထည့်ပြီးနောက် ရေထည့်ကာ အဖုံးအုပ်ထားပါ။

၂။ ထိုအိုးကို အလယ်အလတ်မီးအပူချိန်ဖြင့် ၇ မိနစ်၊ ၈ မိနစ်ခန့် တည်ထားလိုက်ပါ။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ မီးပိတ်ပြီးနောက် ပဲပင်ပေါက်များကို ဆယ်ယူလိုက်ပါ။

၃။ ပြုတ်ထားေးသာ ပဲပင်ပေါက်များကို ပန်းကန်လုံးအကြီးထဲထည့်ပါ။ ထို့နောက် ကြက်သွန်ဖြူ၊ နှမ်းဆီ၊ ကြက်သွန်မြိတ်၊ နှမ်းစေ့နှင့် ဆားအနည်းငယ်တို့ထည့်ကာ သမအောင် ရောနယ်လိုက်ပါ။

အရသာအပေါ့အငန် မြည်းစမ်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ပဲပင်ပေါက် အချိုသုပ် အရံဟင်းတစ်ခွက် ရရှိသွားပါပြီ။

ထိုပဲပင်ပေါက်များကို ချက်ချင်းစားသုံးနိုင်သလို အလုံပိတ်ဘူးထဲ ထည့်ပြီးနောက် ရေခဲသေတ္တာထဲ ထည့်သိမ်းထားနိုင်ပါတယ်။ ထိုကဲ့သို့ ထားစားမယ်ဆိုရင်တော့ ၃ ရက်တိတိ အထားခံပါတယ်။

Source: Drivemehungry.com