အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အာလူးကြက်သားဟင်းကို ကိုရီးယားစတိုင်လ် အစပ်ချက်နည်းနဲ့ ပြင်ဆင်ချက်ပြုတ်မှာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၃ ပေါင် (အနေတော် အတုံး တုံးထားပါ)
  • အာလူး ၁၀ အောင်စ (အတုံးခပ်ကြီးကြီး တုံးထားပါ)
  • မုန်လာဥနီ ၂ လုံး (အတုံး ခပ်ကြီးကြီး တုံးထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် ( ၂ လက်မအရှည်ခန့် လှီးဖြတ်ထားပါ)၊ ကြက်သွန်နီ တစ်ခြမ်း (အတုံးခပ်ကြီးကြီး တုံးထားပါ)နှင့် ကြက်သွန်ဖြူ ၅ မြွှာ
  • ဂျင်း ၃ ပြား

  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဆန်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် နှမ်းစေ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Slow Cooker ထဲတွင် ကြက်သား၊ အာလူး၊ မုန်လာဥနီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ဂျင်းတို့ထည့်ထားလိုက်ပါ။

၂။ ငရုတ်သီးမှုန့်၊ သကြား၊ ပျားရည်၊ ပဲငံပြာရည်၊ ဆန်ဝိုင်၊ ငရုတ်သီးအနှစ်နှင့် နှမ်းဆီတို့ကို ကြက်သားအိုးထဲထည့်ကာ သမအောင် ရောမွှေပေးလိုက်ပါ။

၃။ ဟင်းသီးဟင်းရွက်နှင့် အသားများ၊ ငရုတ်နှစ်များအားလုံး သမသွားတဲ့အခါမှာတော့ Slow Cooker အဖုံးပိတ်ကာ မီးပြင်းပြင်းဖြင့် ၄ နာရီခန့် တည်ထားလိုက်ပါ။ (မီးအေးအေးဖြင့် တည်မည်ဆိုပါက ၆ နာရီခန့် တည်ထားရပါမယ်။)

သတ်မှတ်ထားသော အချိန်ပြည့်ပါက ကြက်သွန်မြိတ်၊ နှမ်းဆီနှင့် နှမ်းစေ့များ ဖြူးထည့်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ကိုရီးယားစတိုင်လ် အာလူးကြက်သားဟင်းအစပ်ချက်လေး ရရှိသွားပါပြီ။ ထမင်းနဲ့အတူတူ အရသာရှိရှိ မြိန်ယှက်စွာ သုံးဆောင်လိုက်ပါ။

Source: Koreanbapsang.com