မုန်ညှင်းထုပ်လေး တစ်ထုပ်၊ နှစ်ထုပ်ခန့်ရှိရုံနဲ့ အရသာရှိတဲ့ မုန်ညှင်းချဉ် စပ်စပ်လေးကို ကိုယ်တိုင်ကိုယ်ကျ အိမ်မှာ လုပ်စားနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ရေ ၂ လီတာခွဲ
  • မုန်ညှင်းထုပ် ၂ ထုပ် ( နှစ်လက်မပတ်လည် အရွယ်အစားခန့် လှီးဖြတ်ထားပါ)
  • ဆား စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း
  • နုပ်နုပ်စဉ်းထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း

  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၈ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်မြိတ် ၅ ပင် (လက်မဝက်အရှည် လှီးဖြတ်ထားပါ)
  • ငါးငံပြာရည် အနည်းငယ် (မထည့်လည်း ရပါတယ်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ရေ ၂ လီတာခွဲနှင့် ဆား စားပွဲတင်ဇွန်း ၁၆ ဇွန်းတို့ထည့်ပါ။

၂။ ထိုဆားရေထဲတွင် ပါးပါးလှီးထားသော မုန်ညှင်းရွက်များထည့်ကာ ၅ နာရီ၊ ၆ နာရီခန့် စိမ်ထားလိုက်ပါ။ အရွက်များ ရေထဲတွင် မြှုုပ်နေဖို့ရန်အတွက် လိုအပ်ပါက ပန်းကန်ပြား အကြီးတစ်ခုခုဖြင့် ဖိထားလိုက်ပါ။

၃။ သတ်မှတ်ချိန်ပြည့်ပါက မုန်ညှင်းကို ဆယ်ယူပြီး ရေအေးဖြင့် ဆေးကြောလိုက်ပါ။ ဆေးကြောပြီးပါက အရည် ကုန်စင်အောင် ညှစ်ပေးရပါမယ်။

၄။ အခြားပန်းကန်လုံးအကြီးတစ်လုံးတွင် ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးမှုန့်၊ သကြားနှင့် ကြက်သွန်မြိတ်တို့ကို သမအောင် ရောမွှေထားလိုက်ပါ။

၅။ ထို့နောက် မုန်ညှင်းကို ထိုပန်းကန်လုံးထဲထည့်ကာ ငရုတ်သီးမှုန့်အရောအနှောဖြင့် သမအောင် နယ်ပေးလိုက်ပါ။

၆။ နယ်ပြီးသွားပါက မုန်ညှင်းရွက်များကို သန့်စင်ခြောက်သွေ့ပြီး လေလုံသော ဖန်ပုလင်းထဲထည့်ကာ အဖုံးပိတ်ပြီးနောက် အေးသောနေရာတွင် (သို့) ရေခဲသေတ္တာထဲတွင် နှစ်ရက်၊ သုံးရက်ခန့် ထားထားနိုင်ပါတယ်။

၇။ နှစ်ရက်၊ သုံးရက် ပြည့်သွားတဲ့အခါမှာတော့ အရသာချဉ်ချဉ်စပ်စပ်လေးနဲ့ စားလို့ကောင်းတဲ့ မုန်ညှင်းချဉ် စပ်စပ်လေးရရှိသွားပါပြီ။

Source : Thespruceeats.com